Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူတွင် စစ်ကောင်စီစစ်ကြောင်း ပစ်ခတ်မှုကြောင့် ပြည်သူသုံးဦးသေဆုံး၊ နေအိမ် ၇၀ကျော် မီးရှို့ခံရ

ကန့်ဘလူမြို့နယ်၊ထန်းကုန်းတိုက်နယ်အတွင်းရှိ သရက် ခေါင်းရွာအား စစ်ကောင်စီ​၏ တကရ- ၆၀၀၆ တပ်မှ စစ်သားများနှင့် ပျူစောထီးအင်အား ၁၀၀ကျော်သည် စစ်ကြောင်းထိုးဝင်ရောက်ပြီး တိုက်ခိုက်ခဲ့သည်။

မီးလောင်ပျက်စီးသွားသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် ပြည်သူ သုံးဦးသေဆုံးပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်​ဆီးခံရကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၅ရက် နံနက် ၁၁ နာရီခွဲခန့်က ကန့်ဘလူမြို့နယ်၊ထန်းကုန်းတိုက်နယ်အတွင်းရှိ သရက် ခေါင်းရွာအား စစ်ကောင်စီ​၏ တကရ- ၆၀၀၆ တပ်မှ စစ်သားများနှင့် ပျူစောထီးအင်အား ၁၀၀ကျော်သည် စစ်ကြောင်းထိုးဝင်ရောက်ပြီး တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် သရက်ခေါင်းရွာနေ (၇၅)နှစ်အရွယ် ဒေါ်ဝိုင်းရှင်နှင့် သားဖြစ်သူ (၄၅)နှစ်အရွယ် ကိုသန့်ဇင်တို့ ဗုံးစထိမှန်သေဆုံးခဲ့ပြီး (၄၂)နှစ်အရွယ် သမီးဖြစ်သူမှာ အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း ကျွန်းလှ – ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)က ပြောသည်။

အလားတူ ယင်းနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ဇီးကုန်းသကြားစက်မှလာသော စစ်ကောင်စီတပ်နှင့် ပျူအင်အား ၆၀ခန့်ကလည်း ဇီးကုန်းတိုက်နယ်၊သပြေသာရွာအား ၆၀ မမ ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုကြောင့် (၆၂)နှစ်အရွယ် ဦးသောင်းတင်ဆိုသူ ထိမှန်သေဆုံးပြီး (၅၇)နှစ်နှင့် (၅၉) နှစ်အရွယ် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့၍ ဆေးကုသမှုခံယူနေရကြောင်း ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)က ပြောသည်။

တကရ- ၆၀၀၆ တပ်မှ စစ်ကြောင်းသည်သရက်ခေါင်းရွာတွင် တညအိပ်တပ်စွဲခဲ့ပြီး နောက်တနေ့ (ဇူလိုင် ၂၆ ရက်)နံနက်ပိုင်းတွင် ဒေသခံများ​၏ ပစ္စည်းများအား ခိုးယူပြီး ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၇၂လုံးမီးလောင်ပျက်စီးခဲ့ကြောင်း ၎င်းအဖွဲ့က ပြောသည်။

ဇူလိုင် ၂၄ ရက်က ကန့်ဘလူမြို့နယ်၊ ကျီကုန်းရွာတံတား၌ တပ်စွဲထားသည့် စစ်ကောင်စီဂိတ်စခန်း ၂ ခုကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၉ ဦး သေဆုံးပြီး သေနတ် ၁၆ လက်ရခဲ့ရရှိခဲ့သည်။

ထို့ကြောင့် အထိအခိုက်များ၍ စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အခုရွာနှစ်ရွာက ကျီကုန်းဂိတ်နဲ့မနီးဘူးဗျ။ သူတို့ကတော့ သူတို့သွားလို့ရတဲ့လမ်းကြောင်းအတိုင်း ပတ်သွားပြီး အနီးအနားကရွာတွေကို ပတ်မွှေတယ်။ လက်နက်ကြီးနဲ့ ပစ်တယ်။ တော်လှန်​ရေးအဖွဲ့အစည်းရယ်လို့ ဦးတည်တာမဟုတ်ဘဲ ပြည်သူထိလည်း အရေးမကြီးဘူးဆိုတဲ့ ပုံစံနဲ့ ရွာတွေထဲ လက်နက်ကြီးတွေနဲ့ပစ်၊Droneတွေနဲ့ ဗုံးချတာပါဗျ။”ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)၏ တာဝန်ရှိသူက ပြောသည်။

သရက်ခေါင်းရွာသည် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းကို ငါးကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်သည်။

အာဏာသိမ်းကာလ သုံးနှစ်ကျော်ကာလအတွင်း စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၉၅,၀၀၀ ကျော်ပျက်စီးခဲ့ရာ စစ်ကိုင်းတိုင်းမှာ နေအိမ်ပေါင်း ၆၇,၅၈၉ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး တစ်နိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရသည့်အရေအတွက်၏ ၇၀ရာခိုင်နှုန်းရှိကြောင်း Data for Myanmarအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

Facebook