Connect with us

Hi, what are you looking for?

သတင်း

စမ်းချောင်း ကျွန်းတောလမ်းတွင် အုတ်တံတိုင်းပြိုကျပြီး ကားခြောက်စီး ပျက်စီး

ကျွန်းတောလမ်း မုန့်လုပ်ဆောင်းကုန်း (တောင်)ရပ်ကွက် ဘီးလင်းဘုန်းကြီးကျောင်းအရှေ့ အုတ်တံတိုင်းပြိုကျခဲ့ပြီး အနီးတွင် ရပ်နားထားသည့် ကားခြောက်စီးနှင့်ထမင်းဆိုင်တစ်ဆိုင် ပျက်စီးခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် ပရဟိတအဖွဲ့က ဆိုသည်။

ဓာတ်ပုံ - MFSD

သုည/People’s Spring

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ကျွန်းတောလမ်း တွင် ယနေ့ (ဇူလိုင် ၂၇) နံနက်က ဘုန်းကြီးကျောင်းအုတ်တံတိုင်းပြိုကျပြီး ကားခြောက်စီးနှင့် ဆိုင်တစ်ဆိုင် ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ကျွန်းတောလမ်း မုန့်လုပ်ဆောင်းကုန်း (တောင်)ရပ်ကွက် ဘီးလင်းဘုန်းကြီးကျောင်းအရှေ့ အုတ်တံတိုင်းပြိုကျခဲ့ပြီး အနီးတွင် ရပ်နားထားသည့် ကားခြောက်စီးနှင့်ထမင်းဆိုင်တစ်ဆိုင် ပျက်စီးခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် ပရဟိတအဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

” မနက်က မိုးတောက်လျောက်ရွာတာကြောင့် ဘီးလင်းဘုန်းကြီးကျောင်းအရှေ့က အုတ်တံတိုင်းမြေ ပြိုကျတာပါ။ အနားမှာရပ်ထားတဲ့ ကား ခြောက်စီးနဲ့ ဆိုင်တစ်ဆိုင် ပိသွားပါတယ်။ လူထိခိုက်မှုတော့ မရှိပါဘူး။ အခုတော့ အုတ်တံတိုင်းကို ဖယ်ထုတ်တာတွေ လုပ်နေပါတယ် ” ဟု ပရဟိတအဖွဲ့ဝင်က ပြောသည်။

အခင်းဖြစ်ပွားရာနေရာသို့ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ ယာဉ်တစ်စီးနှင့် အနာဂတ်အလင်းတန်းပရဟိတအသင်းမှ ယာဉ်တစ်စီးတို့ဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဖော်ပြထားသည်။

အဆိုပါ အုတ်တံတိုင်းပြိုကျမှုကို ရှင်းလင်းရေးများ လုပ်နေ၍ ကျွန်းတောလမ်းကို ယာယီပိတ်ထားကြောင်း စမ်းချောင်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ယနေ့နံနက်တွင် ရန်ကုန်မြို့၌ မိုးများသည်းထန်းစွာ ရွာသွန်းခဲ့သည့်အတွက် မြို့နယ်အချို့နှင့် ကားလမ်းများပေါ်၌ ရေကြီးရေလျှံမှုများလည်း ဖြစ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်မှာ အမျိုးသားတစ်ဦး ၆ လွှာတိုက်ခန်းကနေ ဘေးနားက ဘုရားကျောင်းပေါ်ကို ပြုတ်ကျခဲ့တာကြောင့် ကူညီကယ်ဆယ်‌‌ပေးခဲ့ရတယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့စမ်းချောင်းမြို့နယ်ရှိ နာရေးတစ်ခု၏ ဖဲ‌ဝိုင်းတွင် ရန်ဖြစ်၍ ဓားထိုးမှုဖြစ်ခဲ့ရာ တစ်‌ဦး‌ သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

သတင်း

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ဗားကရာလမ်းမပေါ်ရှိ ရွှေပြည်အေးရိပ်မွန်ကွန်ဒိုရှေ့တွင် အမျိုးသားတစ်ဦး ဓားခုတ်ခံရသောကြောင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းက အသိပေးထားသည်။

သတင်း

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၌ နေအိမ်တိုက်ခန်းအတွင်း မီးစက်နှိုး၍ အဲကွန်းဖြင့်အိပ်ရာမှ အောက်ဆီဂျင်ပြတ်၍ မိသားစုဝင်လေးဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။