Connect with us

Hi, what are you looking for?

သတင်း

သူဌေးချောင်းဆည် စိုးရိမ်ရေမှတ်ကျော်လွန်နေ၍ ဆည်အောက်ရွာများဘေးလွတ်ရာရွှေ့ပြောင်းရန် AA သတိပေး

ယခုရက်များအတွင်း ရက္ခိုင်ဒေသအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအတွင်း အဆက်မပြတ် သည်းထန်စွာရွာသွန်းလျက်ရှိသောမိုးများကြောင့် မိုးရေချိန်အမှတ်သည် သူဌေးချောင်းဆည်၏ စိုးရိမ်ရေမှတ်ကို ကျော်လွန်လာခဲ့ပြီဖြစ်သည်ဟု ဆိုသည်။

သူဌေးချောင်းဆည်ရေမြင့်တက်နေသည်ကို ယနေ့ ဇူလိုင် ၂၇ ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - AA

ရှိုင်း/People’s Spring

အာရက္ခတပ်တော်(AA)က အရေးပေါ် ရေဘေးအန္တရာယ် သတိပေးချက်ကို ယနေ့ နံနက်တွင် ထုတ်ပြန်ခဲ့ရာ သံတွဲမြို့နယ် သူဌေးချောင်းဆည်ရေစီးဆင်းရာ လမ်းကြောင်းရှိ ကျေးရွာများ နီးစပ်ရာ ကုန်းမြင့်နှင့် ရေဘေးလွတ်ရာသို့ အမြန် ချက်ချင်းရွှေ့ပြောင်းရန် သတိပေးထုတ်ပြန်သည်။

ယခုရက်များအတွင်း ရက္ခိုင်ဒေသအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအတွင်း အဆက်မပြတ် သည်းထန်စွာရွာသွန်းလျက်ရှိသောမိုးများကြောင့် မိုးရေချိန်အမှတ်သည် သူဌေးချောင်းဆည်၏ စိုးရိမ်ရေမှတ်ကို ကျော်လွန်လာခဲ့ပြီဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

သူဌေးချောင်းဆည်ရေမြင့်တက်နေသည်ကို ယနေ့ ဇူလိုင် ၂၇ ရက်က တွေ့ရစဥ်။ ဓာတ်ပုံ – AA

ယနေ့နံနက် တိုင်းထွာချက်အရ သံတွဲမြို့ သူဌေးချောင်းဆည်သည် စိုးရိမ်ရေမှတ် (အနီရောင်အဆင့်)ကို ကျော်လွန်လာနေပြီဖြစ်ကြောင်း၊ ဆက်လက်၍လည်း ယခုထက်ပိုမိုသော မိုးရေချိန်အမှတ်သို့ ရောက်ရှိလာနိုင်ရန် အလားအလာများကို တွေ့နေရသောကြောင့် ရေဘေးလွတ်ရာ အမြန်ချက်ချင်း ရွှေပြောင်းရန် အရေးပေါ် ထုတ်ပြန်ခြင်းဖြစ်ကြောင်း အသိပေးသည်။

လွန်ခဲ့သောရက်များ၏ မိုးရွာသွန်းမှု၊ မိုးရေချိန်အမှတ်များကြောင့် စိုးရိမ်ရေမှတ် ရောက်လာနိုင်သည့်အတွက် ကြိုတင်အသိပေးထားခဲ့ရာ ယနေ့(ဇူလိုင် ၂၇ရက်)တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်လာ၍ အရေးပေါ်ချက်ချင်းထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ပြည်သူများအနေဖြင့်လည်း ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်းလည်း AA၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ကျနော်တို့ မြန်မာနိုင်ငံမှာ ရေဘေးက နှစ်စဥ် လာလေ့ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုဆို၀းလာခဲ့တယ်။ သစ်တောပြုန်းတီးတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေကြောင့် ပိုမိုဆိုးရွားတဲ့ ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ရတယ်။ ဒီနှစ်မှာဆိုရင် ဧရာဝတီတိုင်းက လေးမျက်နှာမှာ ငဝန်မြစ်ရေကာတာကျိုးလို့ ရေကြီးနေတဲ့အပြင် အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ...

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။