Connect with us

Hi, what are you looking for?

သတင်း

ကရင် မှာ ဘားအံ အပါအဝင်မြို့အများစု ရေကြီးနေ

ဒီရက်ပိုင်းအတွင်း ကရင်မှာ မိုးသည်းပြီး တောင်ကျရေစီးဆင်းတာ ၊ သံလွင်မြစ် ၊ ဟောင်သရောမြစ်၊ လှိုင်းဘွဲ့မြစ် ၊ ဇမိမြစ် ၊ သောင်းရင်းမြစ်ရေ မြင့်တက်နေတာပါ။

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်အတွင်းမိုးသည်းပြီး မြစ်ရေကြီး ကြီးနေတာကြောင့် ပြည်နယ်မြို့တော်ဘားအံအပါအဝင် မြို့အများစုမှာ ရေကြီးရေလျှံမှုရင်ဆိုင်နေရပြီး သောင်းနဲ့ချီတဲ့ ပြည်သူတွေ ရေဘေးသင့်နေတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

ဒီရက်ပိုင်းအတွင်း ကရင်မှာ မိုးသည်းပြီး တောင်ကျရေစီးဆင်းတာ ၊ သံလွင်မြစ် ၊ ဟောင်သရောမြစ်၊ လှိုင်းဘွဲ့မြစ် ၊ ဇမိမြစ် ၊ သောင်းရင်းမြစ်ရေ မြင့်တက်နေတာပါ။

Public Service Announcement

Public Service Announcement

ဒါကြောင့် ဘားအံ ၊ မြဝတီ ၊ လှိုင်းဘွဲ့ ၊ ကမမောင်း ၊ ကျုံဒိုး ၊ ပိုင်ကျုံ ၊ ကျိုက်ဒုံ နဲ့ ကြာအင်းဆိပ်ကြီးမြို့ တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေပါတယ် ။

အထူးသဖြင့် ဘားအံ ၊ မြဝတီ ၊ ပိုင်ကျုံနဲ့ကျိုက်ဒုံမြို့တို့မှာ တစ်မြို့လုံးနီးပါး ရေကြီးနေတာကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေကို ရေဘေးရှောင်စခန်းတွေဆီ ကယ်ဆယ်ရေးအဖွဲ့တွေက ရွှေ့ပြောင်းပေးနေရတယ်လို့ သိရပါတယ် ။

နယ်စပ်မြို့ မြဝတီမှာဆိုရင် သောင်ရင်းမြစ်အနီးက ရပ်ကွက်တွေမှာ နေအိမ်အများအပြား ရေနစ်နေပြီး ယာယီရေဘေးကယ်ဆယ်ရေးစခန်းဆီပြည်သူထောင်နဲ့ချီပြီး ခိုလှုံနေရတယ်လို့မြို့ခံတွေက အသိပေးပါတယ်။

ဒီမနက်ပိုင်း ၆ နာရီခွဲအချိန် မိုးဇလရဲ့ တိုင်းထွာချက်အရ ကရင်ပြည်နယ်မှာ သံလွင် မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၅ ပေကျော်မြင့်တက်နေပါတယ် ။

ထိုင်း – မြန်မာ နယ်ခြားမြစ် သောင်ရင်းမြစ်ရေဟာလည်း မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁၃ ပေကျော်မြင့်တက်နေတာလို့သိရတယ် ။

နောက်ရက်တွေမှာလည်း စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနေဦီးမယ်လို့ မိုးဇလက ဆိုထားပါတယ်။

ဘားအံမှာ မနေ့ကစပြီး မြို့အနိမ့်ပိုင်းရပ်ကွက်တွေ ရေစဝင်ကာ ဒီနေမှာတော့ အမြင့်ပိုင်းရပ်ကွက်တွေက လွဲလို့ ရပ်ကွက်အားလုံးနီးပါး ရေကြီးနေတယ်လို့ သိရပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် ဘားအံ – လှိုင်းဘွဲ့လမ်း ၊ ဘားအံ – မော်လမြိုင်လမ်း ၊ ဘားအံ – သထုံလမ်းပိုင်းတွေ လမ်းပေါ် ရေကျော်တာတွေ ရှိနေပါတယ်။

ဒါအပြင် တိုက်ပွဲတွေကြောင့် အာရှလမ်းမကြီး ပိတ်ထားချိန် ထိုင်း – မြန်မာ ကုန်စည်စီးဆင်းမှုအတွက် အသုံးပြုနေတဲ့ မြ၀တီ-ထို့ကော်ကိုးလမ်း၊ ၁၀၁၈ တောင်ပေါ်လမ်း၊ ကြက်ဥတောင်တောင်ပေါ်လမ်းတို့မှာ လည်း တောင်ကျရေကြောင့် သွားလာဖို့ ခက်ခဲပြတ်တောက်နေတယ်လို့သိရပါတယ်။

ဘားအံ – မြဝတီလမ်းပိုင်းက တံတား ၃စင်းဟာလည်း ရေတိုက်စားတာကြောင့် ပျက်စီးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်