Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့ပေါ်ရပ်ကွက်များတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်နှင့် ဗုံးများရှိနေ

ကျောက်မဲမြို့ပေါ်တွင် ဇူလိုင် ၂၃ရက်မှစ၍ မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ဆန်များနှင့် လက်ပစ်ဗုံးအချို့သည် လူ‌နေရပ်ကွက်များအတွင်း ကျန်ရှိနေသေးသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဓာတ်ပုံ - Nang Mai

မိထက်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်နေရာအချို့၌ မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးနှင့်လက်နက်ကြီးကျည်များရှိနေပြီး စစ်ဘေးရှောင်များအနေဖြင့် လတ်တလော၌ မြို့သို့ ပြန်မဝင်သင့်သေးကြောင်း ကျောက်မဲမြို့၌ ရှိနေသူအချို့က သတိပေးသည်။

ကျောက်မဲမြို့ပေါ်တွင် ဇူလိုင် ၂၃ရက်မှစ၍ မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ဆန်များနှင့် လက်ပစ်ဗုံးအချို့သည် လူ‌နေရပ်ကွက်များအတွင်း ကျန်ရှိနေသေးသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

” ဗုံးတွေက အိမ်တွေနားမှာ။ လက်နက်ကြီးကျည်တွေရောပဲ။ ပေါက်ကွဲရင်တော့ မတွေးရဲဘူး။ ရပ်ကွက်တွေထဲက လူငယ်တချို့ကတော့ အခြေအနေကြည့်ပြီး သတိပေးစာလိုက်ကပ်ပေးနေတာတွေ့တယ်” ဟု အဆိုပါအမျိုးသမီးကပြောသည်။

Public Service Announcement

Public Service Announcement

ကျောက်မဲမြို့၊ အထက (၁)ကျောင်းအရှေ့ ရွှေသရဖူ ဂိတ်အနီးနှင့် ကျောက်မဲဆီစက်ရုံရှေ့တွင် မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံးစီရှိနေပြီး နောင်ပိန်လေးနတ်ကွန်းကွေ့အနီးနှင့် ကျောက်တောင်အကင်ဆိုင်အနီး နေအိမ်ဝင်းအတွင်း မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်တစ်လုံးစီရှိနေသည်ဟု သတင်းရရှိသည်။

တိုက်ပွဲများကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေရသူများအနေဖြင့် လတ်တလောတွင် နေအိမ်သို့ ပြန်မလာ‌သင့်သေးဟု ဒေသခံတစ်ဦးက ပြောသည်။

ဇွန်လ ၂၅ရက်မှစတင်သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် ကျောက်မဲမြို့ပေါ်ရှိ စစ်ကောင်စီစခန်းများနှင့် ဌာနဆိုင်ရာရုံးများအားလုံးကို တအာင်းတပ်မတော်(TNLA)၊PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူထားသည်။

ကျောက်မဲမြို့ကို ပြန်လည်တိုက်ခိုက်ရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်းမှ စစ်ကောင်စီအင်အား ၃၀၀ခန့်သည် ကျောက်မဲမြို့သို့ ဇူလိုင်၂၀ရက် နံနက်က ရောက်ရှိလာပြီး တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်။

ဇူလိုင် ၂၂ရက် ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ထွက်ပြေးသွားပြီး TNLA နှင့်PDFက နယ်မြေရှင်းလေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယခုအခါ မြို့မြောက်ဘက် (၂)မိုင်ခန့်အကွာရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ) အမှတ်(၅၀၁၊ ၅၀၂)တပ်စခန်းနှစ်ခု ကျန်ရှိနေသေးသည်။

လက်ရှိတွင် မြို့နယ်မြေစိုးမိုးရေးကို TNLAကလုပ်ဆောင်နေသည်။ TNLA အနေဖြင့် ရပ်ကွက် များအတွင်း မပေါက်ကွဲ‌သေးသည့် လက်နက်ခဲယမ်းများ ရှင်းလင်းပေးရန် စစ်ဘေးရှောင်များက တောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ၁၀၂၇ စစ်ဆင်ရေးကာလက ကျန်ခဲ့တဲ့ စစ်ကျန်လက်နက်ပေါက်ကွဲပြီး ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြိုနယ် ပုံဝိုးကျေးရွာအုပ်စုအတွင်းမှာ ဒီကနေ့ မတ်လ ၁၀ရက်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းမြောက်က ကျောက်မဲမြို့ကို စစ်ကောင်စီ ပြန်ထိန်းချုပ်ပြီးတဲ့နောက် ကျားဖြန့်လုပ်ငန်းတွေများလာတယ်လို့ ဒေသခံတွေက ဝေဖန်နေပြီး တရုတ်နိုင်ငံသား‌တွေရှိနေတဲ့ ကျားဖြန့်ရုံကို စစ်တပ်က နိုဝင်ဘာ ၃၀ရက်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကော်ပေါင်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးတပါး ပျံလွန်တော်မူသွားကြောင်း တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။