Hi, what are you looking for?
ပြည့်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဂျပန်နိုင်ငံ အိုကီနာဝါငြိမ်းချမ်းရေးဆု ချီးမြင့်ခံရတဲ့အတွက် မယ်တော်ဆေးခန်း ဦးဆောင်သူ ဒေါက်တာစင်သီယာမောင်အား များစွာဝမ်းမြောက်ဂုဏ်ယူကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဒေါက်တာစင်သီယာမောင်နဲ့ မယ်တော်ဆေးခန်းအဖွဲ့သား အားလုံးအား လှိုက်လှဲစွာ ဂုဏ်ပြုကြောင်းဖော်ပြပါတယ်။
ဟန်နွေ/People’s Spring မန္တလေးတိုင်း မိုးကုတ်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း တအာင်းတပ်မတော် (TNLA)က အတည်ပြုသည်။ ယနေ့ ဇူလိုင် ၂၄ရက်တွင် မိုးကုတ်မြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များအား ပြည်သူလူထုများက ကြိုဆိုနေသည့် ဓာတ်ပုံများကို စစ်မြေပြင် သတင်းရင်းမြစ်က ဖော်ပြခဲ့သည်။ အဆိုပါ အခြေအနေနှင့်ပတ်သက်၍ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက...