Connect with us

Hi, what are you looking for?

သတင်း

KNU ဒုဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန် ကွယ်လွန်

နော်စီဖိုးရာစိန်သည် KNU တွင် ဗဟိုကော်မတီဝင်၊ အထွေထွေအတွင်းရေးမှူး၊ ဒုဥက္ကဋ္ဌတာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန်သည် ယနေ့(ဇူလိုင် ၂၄ရက်) မွန်းလွဲပိုင်းတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

နော်စီဖိုးရာစိန်သည် KNU တွင် ဗဟိုကော်မတီဝင်၊ အထွေထွေအတွင်းရေးမှူး၊ ဒုဥက္ကဋ္ဌတာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။

Public Service Announcement

Public Service Announcement

” သူ့ရောဂါခံစားနေရတာ တစ်နှစ်လောက်ရှိပြီ။ ကင်ဆာရောဂါနဲ့နလေ။ သူစသိတာနဲ့ ခံစားရတာ ဆေးရုံတက်နေရတာ တစ်နှစ်လောက်ပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

နော်စီဖိုးရာစိန်သည် KNUအဖွဲ့အစည်းအတွက် သာမက မြန်မာပြည်ငြိမ်းချမ်းရေး၊ မဟာမိတ် ဆက်ဆံရေးတို့အတွ့်လည်း အကောင်းဆုံး တက်နိုင်သမျှ ကြိုးပမ်းခဲ့သူဖြစ်သည်ဟု ပြောပြသည်။

“မပြီးဆုံးသေးတဲ့တာဝန်ကိုတော့ ဆက်လုပ်ရမှာပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

KNU ဒုဥက္ကဋ္ဌ ဟောင်းသည် ကွယ်လွန်ချိန်တွင် အသက် (၆၉)နှစ် ရှိပြီဖြစ်သည်။

နော်စီဖိုးရာစိန်သည် KNUဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောတာမလာဘော၏ သမီးဖြစ်ပြီးမိခင်ဖြစ်သူ အဖွားနော်ဖောကဝေါကဲ့သို့ပင် ကျောင်းဆရာမ ဖြစ်ကြောင်း၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ဥက္ကဌတာဝန်နှင့် KNU အထွေထွေအတွင်းရေးမှူးတာ၀န်နှင့်ဒုဥက္ကဌတာ၀န်များကို ထမ်းဆောင်ခဲ့ကြောင်း ကရင်အမျိုးသားမီဒီယာက ဖော်ပြထားည်။

နော်စီဖိုးရာစိန်သည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ပြီး စစ်အာဏာရှင်စနစ် အပြီးသတ် ချုပ်ငြိမ်းစေရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရန် နွေဦးတော်လှန်ရေးနှင့်အတူ တညီတညွတ်တည်း တိုက်ပွဲဝင်သွားကြရန် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား တိုက်တွန်းခဲ့သူဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး လက်နက် ၁လ က် ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို