Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့ကို​တော်လှန်​ရေးတပ်များ ထိန်းချုပ်

မိုးကုတ်မြို့မှ လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား TNLA နှင့် PDF(မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့ကနယ်မြေရှင်းလင်းရေးလုပ်နေသည်ကို “တံမျက်စည်းလှဲနေပြီ”ဟုလည်း လူငယ်အချို့က လူမှုကွန်ရက်တွင်ရေးသားထားသည်။

TNLA ဦး​ဆောင်​​သော ​တော်လှန်​ရေးတပ်များ မိုးကုတ်ဗျူဟာသိမ်းပြီး​နောက် ပြည်သူများက ​အောင်သ​ပြေဖြင့် ကြိုဆိုစဥ်။ ဓါတ်ပုံ- Mai A Hein

မိထက်/People’s Spring

မိုးကုတ်မြို့မှ စစ်ကောင်စီဗျူဟာကုန်းကို TNLA နှင့် PDF(မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မိုးကုတ်မြို့အား ထိန်းချုပ်လိုက်ပြီဟု မြေပြင်စစ်ရေးသတင်းမြစ်နှင့် နီးစပ်သူများကပြောသည်။

“မိုးကုတ်ဗျုဟာကို ရပါပြီ။ မိုးကုတ်က ပြီးသလောက်ဖြစ်သွားပါပြီ” ဟု အဆိုပါ သတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

မိုးကုတ်မြို့မှ လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား TNLA နှင့် PDF(မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့ကနယ်မြေရှင်းလင်းရေးလုပ်နေသည်ကို “တံမျက်စည်းလှဲနေပြီ”ဟုလည်း လူငယ်အချို့က လူမှုကွန်ရက်တွင်ရေးသားထားသည်။

မိုးကုတ်မြို့သိမ်းတိုက်ပွဲကာလအတွင်း သတင်းနှင့် ဓာတ်ပုံမှတ်တမ်းအချို့ ထုတ်ပြန်ပေးနေသည့် TNLA တပ်ဖွဲ့ဝင်တဦးကလည်း ” အိမ်နဲ့ အဆက်အသွယ်မရလို့ဆိုပြီး စိတ်ပူနေကြတဲ့ အဝေးရောက် မိုးကုတ်သူ/သားများအတွက်”ဟု ဆိုကာ ကာကွယ်ရေးရဲဘော်များအား ပြည်သူများကကြိုနေသည့် ဓာတ်ပုံမှတ်တမ်းများကို ယနေ့ညနေ ၆ နာရီခန့်တွင် ထုတ်ပြန်ထားသည်။

ဇွန်လ၂၅ရက်မှစတင်သည့် မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း မြို့အနောက်ပိုင်းမှ TNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူထားပြီး မြို့အရှေ့ပိုင်းမှ စစ်ကောင်စီစခန်းများကို ဇူလိုင်လ ၁၈ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ မိုးကုတ်မြို့ကို စစ်ကောင်စီက ဇူလိူင်လ ၁၉ရက်မှစ၍ ယနေ့အထိ ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ထားသည်။

မိုးကုတ်မြို့တိုက်ပွဲနှင့်ပတ်သက်၍ TNLAက ဇူလိုင်လ ၂၃ရက်ညက နောက်ဆုံးထုတ်ပြန်ခဲ့ပြီးတိုက်ပွဲပြင်းထန်နေကြောင်း၊ စစ်ကောင်စီအကျအဆုံးများကြောင်း ထုတ်ပြန်ထားသည်။

မိုးကုတ်ဗျုဟာသိမ်းတိုက်ပွဲကို TNLA နှင့် မိုးကုတ်ဗျူဟာက ထုတ်ပြန်ထားခြင်းမရှိသေးပေ။

TNLA နှင့် ပူးပေါင်းတပ်များသည် ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းတွင် နောက်ချို မြို့ကို ဇူလိုင် ၁၀ ရက်က သိမ်းပိုက်ထိန်း ချုပ်လိုက်ပြီးနောက် မိုးကုတ်မြို့ကို ထပ်မံသိမ်းပိုက်နိင်ခဲ့ခြင်းဖြစ်သည်။ မိုးမိတ်မြို့နှင့် ကျောက်ခဲ မြို့မှာ စစ်စခန်းများစွာကိုလည်း ပူးပေါင်းတပ်များကသိမ်းပိုက်ထားပြီးကျန်လက်ကျန်စစ်တပ်စခန်းများကို သိမ်းပိုက်ရန် ဆက်လက်ထိုးစစ်ဆင်နေသည်။

ထိုအပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး ) ကလည်း ၁၀၂၇ စစ်ဆင်ရေးနှင့်

တချိန်တည်းတွင် မတ္တရာ နှင့် စည်ကူး မြို့နယ်တို့ကိုပါထိုးစစ်ဆင်ပြီး စဥ့်ကူးမြို့ ကို ဇူလိုင် ၁၇ ရက်တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်တွင် ရေဘေးသင့်အိမ်ထောင်စု ၁၈ဝကျော်အား တစ်အိမ်ထောင် လျှင် ကျပ်တစ်သိန်းစီထောက်ပံ့ခဲ့ကြောင်း အမှတ် (၁)စစ်ဒေသ၏ ဂန့်ဂေါခရိုင်အမှတ် (၁၃)တပ်ရင်းက အသိပေးထုတ်ပြန်သည်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရန် လုံခြုံရေးယူသည့်အဖွဲ့နှင့် စစ်ကောင်စီတပ်အထိုင်စခန်းအချို့ကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆောင်းပါး

စစ်​ကောင်စီ၏ ​​ထောင်​ချောက်ဆင်မှုတဝက် ၊သွေးခွဲမှုတစ်ဝက်ဖြင့် လက်နက်စွန့် ​​ပါတီ​ထောင်​ရွေး​ကောက်ပွဲဝင်ရန် ကမ်းလှမ်းမှုကို တော်လှန်​ရေးအင်အားစုများက တညီတညွတ်တည်းငြင်းပယ်လိုက်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကြောင်းတစ်ခုလုံးတိုက်ခိုက်ခံရပြီး သေဆုံးခဲ့သော စစ်သားအလောင်း ၄၀နီးပါးအား စစ်ကောင်စီတပ်က လာမသယ်၍ မြေမြုပ်သင်္ဂြိုလ်ပေးခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များက ပြောသည်။

Facebook