Connect with us

Hi, what are you looking for?

သတင်း

ရေနံချောင်းတွင် PDFသတင်းစုံစမ်းနေသည့် တပ်ကြပ်တစ်ဦး ပစ်ခတ်ခံရ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် PDF သတင်းစုံစမ်းနေသည့် တပ်မ(၈၈) လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ(၇၇)မှ တပ်ကြပ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မကွေးခရိုင် အမှတ်(၂)တပ်ရင်းမှ ရဲဘော်များအား စစ်ဆင်ရေးတခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-YNG PDF

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် PDF သတင်းစုံစမ်းနေသည့် တပ်မ(၈၈) လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ(၇၇)မှ တပ်ကြပ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၀ရက်က ရေနံချောင်းမြို့အခြေစိုက် ခလရ(၇၇ )မှ တပ်ကြပ်ဖိုးလင်းဆိုသူအား ရေနံချောင်းမြို့နယ် တနေရာတွင် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးပြီး PDFသတင်းများကို ထေက်လှမ်းနေ၍ သွားရောက်ဖမ်းဆီးခဲ့ကြောင်း၊ သို့သော် ၎င်းတပ်ကြပ်မှာ ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားကြောင်း မကွေးခရိုင် အမှတ်(၂)တပ်ရင်းမှ ဗိုလ်စံသျှားက ပြောသည်။

Public Service Announcement

Public Service Announcement

“သူက ကာကွယ်ရေးအဖွဲ့တွေရဲ့ လှုပ်ရှားမှုကို တန်ပြန်ထောက်လှမ်းရေးလုပ်နေတာ။ သတင်းအရ စောင့်ဖမ်းတာကို အဖမ်းမခံဘဲ ထွက်ပြေးလို့ ပစ်ခတ်ခဲ့တာ”ဟု ဗိုလ်စံသျှားက ပြောသည်။

အလားတူ ဇူလိုင် ၁၃ ရက်ကလည်း ရေနံချောင်းမြို့နယ်တွင် စစ်ကောင်စီအတွက် စစ်သားစုဆောင်းပေးနေသော ရွာသစ်ရပ်ကွက် အုပ် ချုပ်ရေးမှူးသန်းထွေးဆိုသူ လက်ဖက်ရည်သောက်နေစဥ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် စစ်ကောာင်စီ၊ ထောက် တိုင်များ၊ အပေါင်းပါများနှင့် နီးနီးကပ်ကပ် သွားလာနေထိုင်ခြင်း မပြုကြရန်နှင့် ၎င်းတို့၏ သွားလာလှုပ်ရှားမှုသတင်းများကို ပြည်သူ့ကာကွယ် ရေးအဖွဲ့များထံသို့ အချိန်နှင့် တပြေးညီသတင်းပေးပို့ကြပါရန်‌ ရေနံချောင်းပကဖက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။