Connect with us

Hi, what are you looking for?

သတင်း

ဒုဥက္ကဋ္ဌဟောင်းကွယ်လွန်မှု အထူးဝမ်းနည်းနှမြောတသဖြစ်ရဟု KNU ပြောရေးဆိုခွင့်ရှိသူပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုတိယဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန် ယနေ့ (ဇူလိုင် ၂၄ရက်)တွင် ကွယ်လွန်သွားသည့်အပေါ် အထူးဝမ်းနည်း နှမြောတသဖြစ်ရကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုတိယဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန် ယနေ့ (ဇူလိုင် ၂၄ရက်)တွင် ကွယ်လွန်သွားသည့်အပေါ် အထူးဝမ်းနည်း နှမြောတသဖြစ်ရကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

ပဒိုနော်စီဖိုးရာစိန်သည် အသက် (၆၉)နှစ်အရွယ် တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဆရာမ စီဖိုးရာစိန် ကွယ်လွန်သွားတာက ဒီနေ့ ၂နာရီ ကျော်ကျော်လေးမှာ။ ကင်ဆာရောဂါ ခံစားနေရတာ တော်တော်လေးကြာပြီ။ သိသိသာသာ ဖြစ်လာတာ ၂၀၂၃နှစ်စမှာကတည်းက တော်တော်လေး ထင်ထင်ရှားရှား ဖြစ်လာတဲ့ သဘောမှာ ရှိတာပေါ့”ဟု ပဒိုစောတောနီးက ပြောသည်။

ကင်ဆာရောဂါကို နှစ်နှစ်နီးပါး ရင်ဆိုင်ခဲ့ရပြီး ယနေ့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျနော်တို့ရဲ့ ကရင့်တော်လှန်ရေးမှာ ကြီးလေးတဲ့တာဝန်ရော၊ အမြင့်ဆုံးခေါင်းဆောင်ပိုင်းမှာ ပါဝင်ခဲ့တယ်။ ဒုတိယဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူး အနေနဲ့ ကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်ခဲ့တဲ့အပေါ်မှာ ကျနော်တို့ လေးစားဂုဏ်ယူခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဒီလို ခေါင်းဆောင်မျိုး ဆုံးရှုံးသွားတဲ့အတွက် ကျနော်တို့တွေလည်း အထူးပဲ ဝမ်းနည်းရပါတယ်။ နှမြောတသလည်းဖြစ်နေရပါတယ်”ဟု ပဒိုစောတောနီးက ပြောသည်။

KNU သတင်းရင်းမြစ်တစ်ဦးကလည်း ပဒိုနော်စီဖိုးရာစိန်သည် ကရင်အမျိုးသားများအရေးအတွက်သာမက တိုင်းပြည်ငြိမ်းချမ်းရေးအတွက် တက်နိုင်သမျှ ကြိုးပမ်းခဲ့သူဖြစ်သည်ဟု ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook