Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့ကို အပြီးသတ်သိမ်းပိုက်ပြီးဟု TNLA အတည်ပြု

ဓါတ်ပုံ- TNLA

ဟန်နွေ/People’s Spring

မန္တလေးတိုင်း မိုးကုတ်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း တအာင်းတပ်မတော် (TNLA)က အတည်ပြုသည်။

ယနေ့ ဇူလိုင် ၂၄ရက်တွင် မိုးကုတ်မြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များအား ပြည်သူလူထုများက ကြိုဆိုနေသည့် ဓာတ်ပုံများကို စစ်မြေပြင် သတင်းရင်းမြစ်က ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

TNLA ဦး​ဆောင်​​သော ​တော်လှန်​ရေးတပ်များ မိုးကုတ်ဗျူဟာသိမ်းပြီး​နောက် ပြည်သူများက ​အောင်သ​ပြေဖြင့် ကြိုဆိုစဥ်။ ဓါတ်ပုံ- TNLA

အဆိုပါ အခြေအနေနှင့်ပတ်သက်၍ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက မိုးကုတ်မြို့ကို အပြီးသတ် သိမ်းနိုင်ပြီဟု ပြောသည်။

“ဒီနေ့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်”ဟု လွေးယေဦးက ပြောသည်။

TNLA ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကလည်း မိုးကုတ်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ယနေ့ညပိုင်း၌ အတည်ပြုပေးသည်။

TNLAသည် ၁၀၂၇ စစ်ဆင်ရေးကို ဇွန်လ ၂၅ရက် က စတင်၍ မဟာမိတ်တပ်များနှင့်အတူ ပူးပေါင်းဆင်နွှဲခဲ့ရာ ဇူလိုင် ၁၀ရက်တွင် နောင်ချိုမြို့ကိုပထမဆုံး သိမ်းပိုက်နိုင်ခဲ့ပြီးဒုတိယမြောက်အဖြစ် မိုးကုတ်မြို့ကို ယနေ့ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

တရုတ်က အပစ်အခတ်ရပ်စဲရန် ဖိအားပေးနေသည့် ကြားမှ TNLAနှင့် မဟာမိတ်တပ်များသည် စစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက်ခဲ့ခြင်းလည်းဖြစ်သည်။

TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်ကလည်း အပစ်ရပ်စဲခြင်းမပြုဘဲ ဆက်လက်၍ စစ်အာဏာရှင် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် အသိပေးရေးသားပြီး သုံးရက်အကြာတွင် မိုးကုတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

မိုးကုတ်တိုက်ပွဲတွင် TNLAနှင့်အတူ PDF တပ်ဖွဲ့များ ပါဝင်တိုက်ခိုက်နေခြင်းဖြစ်သည်။

TNLA အနေဖြင့် ကျောက်မဲမြို့ကိုလည်း ထိန်းချုပ်ထားပြီး ကျောက်မဲ၌ ကျန်နေသည့် စစ်ကောင်စီတပ်များကိုဆက်လက်ထိုးစစ် ဆင်လျက်ရှိသည်။

မန္တလေး PDF နှင့် ပူးပေါင်းတပ်များကလည်း ဇူလိုင် ၁၇ရက်တွင် မန္တလေးတိုင်း စဉ့်ကူးမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ထို့ကြောင့် မိုးကုတ်မြို့သည် မန္တလေးတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များကဒုတိယမြောက် သိမ်းပိုက်နိုင်ခဲ့သည့် မြို့လည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။