သတင်း စစ်ကိုင်းနဲ့ဝက်လက်မှာ စစ်တပ်ဗုံးကြဲလို့ စစ်ရှောင်အဘိုးအိုအပါအဝင် ၂ ဦး သေဆုံး၊ နေအိမ် ၂၀ ခန့် မီးလောင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။ ludunwayooဇူလိုင် 29, 2026
သတင်း ဖလူးတောင်ခြေဆီစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ခဲ့ ကရင်ပြည်နယ်၊မြ၀တီမြို့တောင်ဘက်ဖလူးတောင်ခြေမှာစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အာဏာသိမ်းစစ်တပ်ရဲ့ပူးပေါင်းစစ်ကြောင်းနဲ့ KNU တပ်မဟာ(၆) ပူးပေါင်းတပ်ဖွဲ့တို့ကြားပြီးခဲ့တဲ့ဇူလိုင် ၂၆ ရက်ကတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ ludunwayooဇူလိုင် 29, 2026
သတင်း ဆောမြို့နယ်တိုက်ပွဲ တပ်မ(၉၉) အထိနာပြီး နှစ်ကြိမ်တိုင် တပ်ပြန်ဆုတ်ရ လက်နက် ၁၁လက်၊ သုံ့ပန်း ၉ဦး၊ ယာဉ် ၃စီးနဲ့ ခဲယမ်း၊အသုံးအဆောင် ပစ္စည်းများ သိမ်းရ ludunwayooဇူလိုင် 29, 2026
သတင်း ပယ်ဆောက်ချိန်မိသားစုပိုင် အိမ်ရာတွေကို MNDAA က ၁၀၂၇စစ်ဆင်ရေးတိုက်ပွဲဝင်ရဲဘော်တွေနဲ့ကျန်ရစ်သူမိသားစုတွေကိုခွဲဝေပေး တရုတ်နိုင်ငံမှာ သေဒဏ်ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲဘော်တွေရဲမိသားစုဝင်တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။ ludunwayooဇူလိုင် 29, 2026
သတင်း စစ်အုပ်စုတရားဝင်စေမယ့်လုပ်ရပ်တွေရှောင်ဖို့ တော်လှန်ရေးအင်အားစုတွေကို ချင်းပြည်ကောင်စီ သတိပေး လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း ludunwayooဇူလိုင် 29, 2026
သတင်း နတ်မောက်ရဲစခန်းမှူး ပစ်ခတ်ခံရပြီး သေဆုံး မကွေးတိုင်း၊နတ်မောက်နဲ့ မြို့သစ်လမ်းပိုင်းမှာ နတ်မောက်မြို့ရဲစခန်းမှူးလိုက်ပါလာတဲ့ ကား ပစ်ခတ်ခံရပြီး စခန်းမှူး သေဆုံးသွားတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၉၀၂)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။ ludunwayooဇူလိုင် 29, 2026
သတင်း တရုတ်က ရှုမျှော်ခင်းကြည့် နေရာမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိလာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေကြား လူသိများရာ ရှုမျှော်ခင်းကြည့် နေရာ တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းထိ များပြားလာခဲ့ပါတယ်။ ludunwayooဇူလိုင် 29, 2026
သတင်း ဩစတေးလျနိုင်ငံရဲ့ မြို့သုံးမြို့မှာ ပြုလုပ်မယ့် Together for Tomorrow မြန်မာနိုင်ငံက လိုအပ်တဲ့နေရာတွေကို ထောက်ပံ့ပေးဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်မယ့် Together for Tomorrow ဖျော်ဖြေပွဲကို ဩစတေးလျနိုင်ငံရဲ့ မြို့ သုံး မြို့မှာ ပြုလုပ်သွားမှာပါ။ ludunwayooဇူလိုင် 28, 2026
သတင်း မြိုင်ကိုစစ်ကြောင်းထိုးတဲ့စစ်ကြောင်းကရဲ ၂ ဦးမျက်စိလည်ကျန်ခဲ့လို့တော်လှန်ရေးအဖွဲ့ဖမ်းဆီး မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။ ludunwayooဇူလိုင် 28, 2026
သတင်း စစ်တပ်က ပြည်သူတွေအပေါ် ဖိနှိပ်သတ်ဖြတ်မှုတွေ ပိုဆိုးလာနေတယ်လို့ ACLED ဖော်ပြ နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။ ludunwayooဇူလိုင် 28, 2026