Connect with us

Hi, what are you looking for?

သတင်း

ဖလူးတောင်ခြေဆီစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ခဲ့

ကရင်ပြည်နယ်၊မြ၀တီမြို့တောင်ဘက်ဖလူးတောင်ခြေမှာစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အာဏာသိမ်းစစ်တပ်ရဲ့ပူးပေါင်းစစ်ကြောင်းနဲ့ KNU တပ်မဟာ(၆) ပူးပေါင်းတပ်ဖွဲ့တို့ကြားပြီးခဲ့တဲ့ဇူလိုင် ၂၆ ရက်ကတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

KNU တပ်မဟာ (၆)လက်အောက်ခံ ကော်ဘရာစစ်ကြောင်းတပ်ဖွဲ့ဝင်အချို့ကိုတွေ့ရပုံ ( ပုံဟောင်း) ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

ဇူလိုင် – ၂၈ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊မြ၀တီမြို့တောင်ဘက်ဖလူးတောင်ခြေမှာစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အာဏာသိမ်းစစ်တပ်ရဲ့ပူးပေါင်းစစ်ကြောင်းနဲ့ KNU တပ်မဟာ(၆) ပူးပေါင်းတပ်ဖွဲ့တို့ကြားပြီးခဲ့တဲ့ဇူလိုင် ၂၆ ရက်ကတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

စစ်တပ်စစ်ကြောင်းမှာ BGF တပ်နယ်(၄)ဗိုလ်မှုးကြီးစောမုတ်သုန်ရဲ့အဖွဲ့ ၊ ခွဲထွက်DKBA ဗိုလ်ဘိအဖွဲ့၊ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်( DKBA)တပ်ဖွဲ့ဝင်ဟောင်း ဗိုလ်သခွားသီးတို့က လမ်းပြပို့ဆောင်ကူညီပေးခဲ့တယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။

စစ်တပ်ရဲ့ပူးပေါင်းစစ်ကြောင်းဟာမဲကနယ်-ဖလူးတောလမ်းကနေတဆင့် စစ်ကြောင်းထိုးလာခဲ့ရာဇူလိုင်လ ၂၆ ရက်မှာတော့ ဖလူးလေးရွာအကျော် မှာ KNU တပ်မဟာ (၆) ပူးပေါင်းအဖွဲ့နဲ့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဖလူးလေးရွာအကျော်ကကျောက်ခွဲစက်အနောက်ဘက်မှာDKBA ထိန်း ချုပ်တဲ့ ကျားဖြန့်ဝင်းတစ်ခုထဲမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က အထိများနေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ဖလူးလေးအကျော်မှာရှိတဲ့အဲဒီကျားဖြန့်ဝင်းကနေတဆင့်ရှေ့ကိုဆက်သွားရင် မြ၀တီ-ဝေါ်လေ ကားလမ်းပေါ်ရှိ သုံးထပ်ကွေ့နေရာကို ရောက်ရှိမှာပါ။

တိုက်ပွဲကြောင့်ထိုင်း – မြန်မာနယ်ခြားသောင်ရင်းမြစ်ကမ်းနားမှာနေထိုင်တဲ့စစ်ဘေးရှောင်ပြည်သူတွေလည်း ရွှေ့ပြောင်းနေကြရပါတယ်။

ငွေကြေးမတတ်နိုင်တဲ့အတွက် နေရာမရွေ့နိုင်တဲ့စစ်ရှောင်ပြည်သူတွေလည်း အများအပြားကျန်ရှိနေသေးတယ်လို့ ကရင်သတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အနီးပတ်ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတဘ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

‌မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်း၊ကင်းပုန်းနဲ့ ရိက္ခာကားကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်နိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ဝန်းသိုမြို့နယ်ကို စစ်​ကြောင်းထိုးနေတဲ့စစ်တပ်ဟာ နမ့်ခမ်းရွာထဲမှာပဲ ရှိနေပြီး ဒီက​နေ့ညပိုင်းအထိ တိုက်ပွဲ​တွေဖြစ်နေတယ်လို့ တော်လှန် ရေးသတင်းအရင်းမြစ်တချို့က ပြောပါတယ်။