Connect with us

Hi, what are you looking for?

သတင်း

ဖလူးတောင်ခြေဆီစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ခဲ့

ကရင်ပြည်နယ်၊မြ၀တီမြို့တောင်ဘက်ဖလူးတောင်ခြေမှာစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အာဏာသိမ်းစစ်တပ်ရဲ့ပူးပေါင်းစစ်ကြောင်းနဲ့ KNU တပ်မဟာ(၆) ပူးပေါင်းတပ်ဖွဲ့တို့ကြားပြီးခဲ့တဲ့ဇူလိုင် ၂၆ ရက်ကတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

KNU တပ်မဟာ (၆)လက်အောက်ခံ ကော်ဘရာစစ်ကြောင်းတပ်ဖွဲ့ဝင်အချို့ကိုတွေ့ရပုံ ( ပုံဟောင်း) ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

ဇူလိုင် – ၂၈ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊မြ၀တီမြို့တောင်ဘက်ဖလူးတောင်ခြေမှာစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အာဏာသိမ်းစစ်တပ်ရဲ့ပူးပေါင်းစစ်ကြောင်းနဲ့ KNU တပ်မဟာ(၆) ပူးပေါင်းတပ်ဖွဲ့တို့ကြားပြီးခဲ့တဲ့ဇူလိုင် ၂၆ ရက်ကတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

စစ်တပ်စစ်ကြောင်းမှာ BGF တပ်နယ်(၄)ဗိုလ်မှုးကြီးစောမုတ်သုန်ရဲ့အဖွဲ့ ၊ ခွဲထွက်DKBA ဗိုလ်ဘိအဖွဲ့၊ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်( DKBA)တပ်ဖွဲ့ဝင်ဟောင်း ဗိုလ်သခွားသီးတို့က လမ်းပြပို့ဆောင်ကူညီပေးခဲ့တယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။

စစ်တပ်ရဲ့ပူးပေါင်းစစ်ကြောင်းဟာမဲကနယ်-ဖလူးတောလမ်းကနေတဆင့် စစ်ကြောင်းထိုးလာခဲ့ရာဇူလိုင်လ ၂၆ ရက်မှာတော့ ဖလူးလေးရွာအကျော် မှာ KNU တပ်မဟာ (၆) ပူးပေါင်းအဖွဲ့နဲ့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဖလူးလေးရွာအကျော်ကကျောက်ခွဲစက်အနောက်ဘက်မှာDKBA ထိန်း ချုပ်တဲ့ ကျားဖြန့်ဝင်းတစ်ခုထဲမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က အထိများနေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ဖလူးလေးအကျော်မှာရှိတဲ့အဲဒီကျားဖြန့်ဝင်းကနေတဆင့်ရှေ့ကိုဆက်သွားရင် မြ၀တီ-ဝေါ်လေ ကားလမ်းပေါ်ရှိ သုံးထပ်ကွေ့နေရာကို ရောက်ရှိမှာပါ။

တိုက်ပွဲကြောင့်ထိုင်း – မြန်မာနယ်ခြားသောင်ရင်းမြစ်ကမ်းနားမှာနေထိုင်တဲ့စစ်ဘေးရှောင်ပြည်သူတွေလည်း ရွှေ့ပြောင်းနေကြရပါတယ်။

ငွေကြေးမတတ်နိုင်တဲ့အတွက် နေရာမရွေ့နိုင်တဲ့စစ်ရှောင်ပြည်သူတွေလည်း အများအပြားကျန်ရှိနေသေးတယ်လို့ ကရင်သတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လေယာဉ်နဲ့ကြဲချတဲ့ ဗုံးတွေထုတ်လုပ်နေတဲ့ ဆိပ်ဖြူမြို့နယ်က အဓိကလမ်းပိုင်းတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက် စစ်တပ်စစ်ကြောင်းထိုးနေပြီးတော်လှန်ရေးတပ်တွေနဲ့ စစ်ဆိုင်ထားတယ်လို့ ဗျူဟာအမှတ်(၂၃) ပဲခူးတိုင်းစစ်ဌာန တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းထိပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။