သတင်း စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီနှင့် တရားမျှတရေးတိုက်ပွဲများတွင် ကျဆုံးခဲ့သူများအား အာဇာနည်များအဖြစ် အသိအမှတ်ပြုရန်လိုအပ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိူးစုများ အတိုင်ပင်ခံကော်မတီထုတ်ပြန် အမှတ်စင်စစ်အားဖြင့် ဤနိုင်ငံအတွင်း လွတ်လပ်ရေးတိုက်ပွဲ၊ စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲ၊ ဒီမိုကရေစီနှင့် လူမှုတရားမျှတရေးတိုက်ပွဲများတွင်ပါ၀င်ရင်း ကျဆုံးခဲ့သူများစွာရှိနေသည်ဟု အသိပေးသည်။ LuduNwayOoဇူလိုင် 19, 2022
သတင်း ကျောက်ထု – ပခုက္ကူလမ်းအား ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း PDF အသိပေး လိုအပ်၍ ထုတ်ပြန်ထားသောစည်းကမ်းများအားလိုက်နာဆောင်ရွက်ပေးခြင်းဖြင့် ကူညီပေးကြပါရန်နှင့် လိုက်နာမှုမရှိ၍ ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား မိမိတို့ကိုယ်တိုင်သာအပြည့် အဝတာဝန်ယူရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ LuduNwayOoဇူလိုင် 19, 2022
သတင်း လှိုင်သာယာမြို့နယ် အမှတ်(၆)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်တစ်ဦး တို့ ရှင်းလင်းခံရ အုပ်ချုပ်ရေးမှုးများကို ပစ်ခတ်သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ ကလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးသောကြောင့် မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို အတည်မပြုနိုင်သေးပေ။ LuduNwayOoဇူလိုင် 19, 2022
သတင်း ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ စစ်အုပ်စုအား အလစ်ဝင်တိုက်ရာ သုံးဦးသေဆုံး ဟု ဗိုလ်ကျားရိုင်း – ရွှေဘို(LPDF)အဖွဲ့ပြော အဆိုပါဒေသတွင်း PDF အဖွဲ့များသည် ရွှေဘိုခရိုင်အတွင်း အကြမ်းဖက်စစ်တပ် နှင့်ပျူများ တပ်စွဲထားသော ကျေးရွာများသို့သွားရောက်ကာ ဒရုန်းများဖြင့် ဝေဟင်မှလည်းကောင်း၊ မြေပြင်မှလည်းကောင်း မကြာခဏတိုက်ခိုက်လေ့ ရှိသည်။ LuduNwayOoဇူလိုင် 19, 2022
သတင်း မိုးဗြဲမြို့အခြေစိုက်(ခမရ ၄၂၂)တပ်စခန်းအပါအဝင် ဘုရားကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KNDF တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဟုဆို ဖယ်ခုံ၊ မိုးဗြဲနှင့် လွိုင်ကော်မြို့ရှိ စစ်ကောင်စီအမြောက်တပ်မှ ယနေ့တွင် လက်နက်ကြီးဖြင့် တနေကုန်ရမ်းသမ်းပစ်ခတ်သောကြောင့် ဒေသခံပြည်သူများ ၏ အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း ကုန်းသာကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများရှိကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုပြော တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီသည် တိုက်ပွဲနှင့် မသက်ဆိုင်သော အလှမ်းဝေးသည့် ဒေါတဝီး နှင့် ဒေါရောက်ခူ ကျေးရွာများကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KRU က ဆိုသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း ဆော – ဆိပ်ဖြူလမ်းပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ အများအပြား ဒဏ်ရာရပြီး ခုနစ်ဦးသေဟုဆို "ကျွန်တော်တို့ ပြည်သူအတွက် အတတ်နိုင်ဆုံးကာကွယ်သွားပါမယ် ပြည်သူ့မေတ္တာကြောင့် အကောင်းဆုံးတိုက်ပွဲဝင်နိုင်မှာပါ"ဟု LSRPDF မှ ရဲဘော်တစ်ဦးက ပြောသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း နွားထိုးကြီး – တောင်သာလမ်းတွင် စစ်ကောင်စီယာဥ်နှစ်စီးကို မိုင်းခွဲတိုက်ခိုက်၊ စစ်ကောင်စီ တပ်သားငါးဦးသေဟု နွားထိုးကြီး PDFပြော စစ်ကောင်စီတပ်ဘက်က ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်အုပ်စုထွက်ပြေးမောင်းနှင်သွားကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်ဘက်က ငါးဦးသေဆုံးကြောင်း နွားထိုးကြီး PDFက ပြောသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း မင်းတပ် – မတူပီလမ်းမပိုင်းအား မနက်ဖြန်ကစ၍ သွားလာခွင့်တားမြစ်၊ မလိုက်နာပါက ထိရောက်စွာအရေးယူမည်ဟု CDF မင်းတပ်ထုတ်ပြန် ပခုက္ကူမြို့မှ ဇူလိုင် ၁၇ရက် နံနက်က ထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်း သည် ယနေ့ညနေ တွင် ကျောက်ထုမြို့သို့ ရောက်ရှိနေပြီ ကျောက်ထုဒေသခံ တော်လှန်ရေးအင်အားစုများက ပြောသည်။ ကျောက်ထုအားကျော်လွန်ပါက ချင်းတောင်သို့ ရောက်ရှိမည်ဖြစ်သည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း ဖားကန့် ဆယ်ဇင်းဒေသ၌ တိုက်ပွဲဆက်လက်ပြင်းထန်၊ အထိနာသည့် စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ကူပေးတိုက်ခိုက်ဟု KIA အသိပေး ယခင်က စစ်ကောင်စီတပ်စခန်းရှိရာနေရာများကို KIAက သွားရောက်တိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီးယခုတွင်စစ်ကောင်စီတပ်ကစစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ပွားမှု များ ဖြစ်လာသည်ကို တွေ့ရကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။ LuduNwayOoဇူလိုင် 18, 2022