Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီနှင့် တရားမျှတရေးတိုက်ပွဲများတွင် ကျဆုံးခဲ့သူများအား အာဇာနည်များအဖြစ် အသိအမှတ်ပြုရန်လိုအပ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိူးစုများ အတိုင်ပင်ခံကော်မတီထုတ်ပြန်

အမှတ်စင်စစ်အားဖြင့် ဤနိုင်ငံအတွင်း လွတ်လပ်ရေးတိုက်ပွဲ၊ စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲ၊ ဒီမိုကရေစီနှင့် လူမှုတရားမျှတရေးတိုက်ပွဲများတွင်ပါ၀င်ရင်း ကျဆုံးခဲ့သူများစွာရှိနေသည်ဟု အသိပေးသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိူးစုများအတိုင်ပင်ခံကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိူးစုများအတိုင်ပင်ခံကော်မတီ

စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီနှင့် လူမှုတရားမျှတရေးတိုက်ပွဲများတွင်ပါ၀င်ရင်း ကျဆုံးခဲ့သူများအား ရဲဝံ့စွာ အသက်ပေးခဲ့သူ အာဇာနည်များအဖြစ် အသိ အမှတ်ပြုရန်လိုအပ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိူးစုများအတိုင်ပင်ခံကော်မတီက ထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၁၉ ရက်)ကျရောက်သော “အာဇာနည်နေ့ ထုတ်ပြန်ကြေညာချက်”တွင် အထက်ပါအတိုင်း ဖော်ပြထားသည်။

ယနေ့ (၇၅) နှစ်မြောက် အာဇာနည်နေ့သည်လူမျိူးပေါင်းစုံ ကြိုးပမ်းတိုက်ပွဲ၀င်ခဲ့သော လွတ်လပ်ရေးတိုက်ပွဲတွင်ပါ၀င်ခဲ့သည့်ခေါင်းဆောင်များအနက် ခေါင်းဆောင် ၉ ဦးလုပ်ကြံခံခဲ့ရသည်။

လွတ်လပ်ရေးတိုက်ပွဲ၀င်ခဲ့သူများအနက်မှ ခေါင်းဆောင်များ ယခုကဲ့သို့ မတရားလုပ်ကြံသတ်ဖြတ်ခံခဲ့ရမှုအား များစွာ၀မ်းနည်းကြေကွဲရသည်ဟု ​ဖော်ပြထားသည်။

နိုင်ငံအတွင်းတွေ့ကြုံခဲ့ရသည့်အာဏာရယူလိုမှု၊နိုင်ငံရေးမကျေနပ်မှုကြောင့်လုပ်ကြံသတ်ဖြတ်မှုတိုင်းအား မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိူးစုများအတိုင်ပင်ခံကော်မတီမှရှုတ်ချဆန့်ကျင်ကြောင်း အသိပေးသည်။

ခေတ်အဆက်ဆက် ကျောင်းသုံးစာအုပ်များ၊သတင်း စာစောင်များနှင့် ရုပ်သံလေလှိုင်းများမှ ဤနိုင်ငံအတွင်းရှိလူအများသည် နိုင်ငံ၏ အာဇာနည်များသည် (ဗမာခေါင်းဆောင်အများစုနှင့် ပြည်မနိုင်ငံ ရေးသမားများပါ၀င်သော)ဤပုဂ္ဂိုလ်၉ဦးတည်းရှိသည်ဟု ထင်မှတ်ရန် စစ်တပ်က ဝါဒဖြန့်ခဲ့သည်ဟု ဆိုသည်။

အမှတ်စင်စစ်အားဖြင့် ဤနိုင်ငံအတွင်း လွတ်လပ်ရေးတိုက်ပွဲ၊ စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲ၊ ဒီမိုကရေစီနှင့် လူမှုတရားမျှတရေးတိုက်ပွဲများတွင်ပါ၀င်ရင်း ကျဆုံးခဲ့သူများစွာရှိနေသည်ဟု အသိပေးသည်။

ထိုကျဆုံးခဲ့သူတိုင်းအား ရဲဝံ့စွာအသက်ပေးခဲ့သူ အာဇာနည်များအဖြစ် အသိအမှတ်ပြုရန်လိုအပ် ကြောင်း တိုက်တွန်းသည်။

ထိုကဲ့သို့သတ်မှတ်မှသာ အာဇာနည်အဖြစ်အသိ အမှတ် ပြုထိုက်သောလူမျိူးစုအသီးသီးမှ ကျောင်းသား၊ ရဟန်း၊ ပြည်သူများအတွက် ထိုက်တန်သည့် အသိ အမှတ်ပြုမှု ရရှိမည်ဖြစ်ပြီး လူမျိုးကြီးဝါဒအား ဆန့်ကျင်ရာလည်းရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

You May Also Like

သတင်း

ကျဆုံးခဲ့သူမှာ ရဲဘော်နေအောင်ဆိုသူ ဖြစ်သည်။ရဲဘော်နေအောင်အပါအဝင် တမူးမြို့နယ်အတွင်း စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲဝင်ရင်း ကျဆုံးသည့် ပြည်သူ့ကာကွယ်ရေးရဲဘော် ၁၆ဦး ရှိပြီဟု တမူးခရိုင် တပ်ရင်း(၁)မှ သတင်းရရှိသည်။

သတင်း

ထုတ်လုပ်ရေးနှင့် လက်နက်ခဲယမ်းပစ္စည်းများအားလုံးအပါအဝင်စုစုပေါင်း ကျပ်သိန်းတစ် ထောင်ကျော် ဆုံးရှုံးခဲ့ရပြီး ဆက်လက်တိုက်ပွဲဝင်နိုင်ရန် အခက်အခဲဖြစ်နေသဖြင့် ကူညီလှူဒါန်းပေးကြရန် MNPDF Myitngeက မေတ္တာရပ်ခံသည်။

သတင်း

၁၉၈၈တွင် ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်ရပ်သည် နိုင်ငံ၏ ဒီမိုကရေစီအရေးလှုပ်ရှားမှု၏ အထင်ကရမှတ်တိုင်တစ်ခုဖြစ်သော ရှစ်လေးလုံး အရေးတော်ပုံ ပေါ်ပေါက်လာစေရေးအတွက် တွန်းအားတစ်ခုဖြစ်စေခဲ့ကြောင်း NUCCက ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည်ယခုတိုက်ပွဲဖြစ်ပွားရာနယ်စပ်ဒေသရှိ ၎င်းတို့၏ တပ်စခန်းများသို့ရိက္ခာဖြည့်တင်းရန်ပြုလုပ်​သောအခါ ကရင်နီပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်နေ၍စစ်ကောင်စီတပ်အထိနာလျက်ရှိသည်။