Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီနှင့် တရားမျှတရေးတိုက်ပွဲများတွင် ကျဆုံးခဲ့သူများအား အာဇာနည်များအဖြစ် အသိအမှတ်ပြုရန်လိုအပ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိူးစုများ အတိုင်ပင်ခံကော်မတီထုတ်ပြန်

အမှတ်စင်စစ်အားဖြင့် ဤနိုင်ငံအတွင်း လွတ်လပ်ရေးတိုက်ပွဲ၊ စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲ၊ ဒီမိုကရေစီနှင့် လူမှုတရားမျှတရေးတိုက်ပွဲများတွင်ပါ၀င်ရင်း ကျဆုံးခဲ့သူများစွာရှိနေသည်ဟု အသိပေးသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိူးစုများအတိုင်ပင်ခံကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိူးစုများအတိုင်ပင်ခံကော်မတီ

စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီနှင့် လူမှုတရားမျှတရေးတိုက်ပွဲများတွင်ပါ၀င်ရင်း ကျဆုံးခဲ့သူများအား ရဲဝံ့စွာ အသက်ပေးခဲ့သူ အာဇာနည်များအဖြစ် အသိ အမှတ်ပြုရန်လိုအပ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိူးစုများအတိုင်ပင်ခံကော်မတီက ထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၁၉ ရက်)ကျရောက်သော “အာဇာနည်နေ့ ထုတ်ပြန်ကြေညာချက်”တွင် အထက်ပါအတိုင်း ဖော်ပြထားသည်။

ယနေ့ (၇၅) နှစ်မြောက် အာဇာနည်နေ့သည်လူမျိူးပေါင်းစုံ ကြိုးပမ်းတိုက်ပွဲ၀င်ခဲ့သော လွတ်လပ်ရေးတိုက်ပွဲတွင်ပါ၀င်ခဲ့သည့်ခေါင်းဆောင်များအနက် ခေါင်းဆောင် ၉ ဦးလုပ်ကြံခံခဲ့ရသည်။

လွတ်လပ်ရေးတိုက်ပွဲ၀င်ခဲ့သူများအနက်မှ ခေါင်းဆောင်များ ယခုကဲ့သို့ မတရားလုပ်ကြံသတ်ဖြတ်ခံခဲ့ရမှုအား များစွာ၀မ်းနည်းကြေကွဲရသည်ဟု ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

နိုင်ငံအတွင်းတွေ့ကြုံခဲ့ရသည့်အာဏာရယူလိုမှု၊နိုင်ငံရေးမကျေနပ်မှုကြောင့်လုပ်ကြံသတ်ဖြတ်မှုတိုင်းအား မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိူးစုများအတိုင်ပင်ခံကော်မတီမှရှုတ်ချဆန့်ကျင်ကြောင်း အသိပေးသည်။

ခေတ်အဆက်ဆက် ကျောင်းသုံးစာအုပ်များ၊သတင်း စာစောင်များနှင့် ရုပ်သံလေလှိုင်းများမှ ဤနိုင်ငံအတွင်းရှိလူအများသည် နိုင်ငံ၏ အာဇာနည်များသည် (ဗမာခေါင်းဆောင်အများစုနှင့် ပြည်မနိုင်ငံ ရေးသမားများပါ၀င်သော)ဤပုဂ္ဂိုလ်၉ဦးတည်းရှိသည်ဟု ထင်မှတ်ရန် စစ်တပ်က ဝါဒဖြန့်ခဲ့သည်ဟု ဆိုသည်။

အမှတ်စင်စစ်အားဖြင့် ဤနိုင်ငံအတွင်း လွတ်လပ်ရေးတိုက်ပွဲ၊ စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲ၊ ဒီမိုကရေစီနှင့် လူမှုတရားမျှတရေးတိုက်ပွဲများတွင်ပါ၀င်ရင်း ကျဆုံးခဲ့သူများစွာရှိနေသည်ဟု အသိပေးသည်။

ထိုကျဆုံးခဲ့သူတိုင်းအား ရဲဝံ့စွာအသက်ပေးခဲ့သူ အာဇာနည်များအဖြစ် အသိအမှတ်ပြုရန်လိုအပ် ကြောင်း တိုက်တွန်းသည်။

ထိုကဲ့သို့သတ်မှတ်မှသာ အာဇာနည်အဖြစ်အသိ အမှတ် ပြုထိုက်သောလူမျိူးစုအသီးသီးမှ ကျောင်းသား၊ ရဟန်း၊ ပြည်သူများအတွက် ထိုက်တန်သည့် အသိ အမှတ်ပြုမှု ရရှိမည်ဖြစ်ပြီး လူမျိုးကြီးဝါဒအား ဆန့်ကျင်ရာလည်းရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း၊တပ်ဖွဲ့တွေက ရဲဘော်တွေက (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ​တွေဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ပြီးအ​လေးပြုခဲ့ကြပါတယ်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု ၊အနစ်နာခံမှုကို ကျေးဇူးဆပ်ဖို့ သူ့ရဲ့ လမ်းညွှန်ချက်တွေလိုက်နာဖို့လိုအပ်သလို သမီးဖြစ်သူကိုကာကွယ်ဖို့ တာဝန်ရှိဟုဆို