Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ စစ်အုပ်စုအား အလစ်ဝင်တိုက်ရာ သုံးဦးသေဆုံး ဟု ဗိုလ်ကျားရိုင်း – ရွှေဘို(LPDF)အဖွဲ့ပြော

အဆိုပါဒေသတွင်း PDF အဖွဲ့များသည် ရွှေဘိုခရိုင်အတွင်း အကြမ်းဖက်စစ်တပ် နှင့်ပျူများ တပ်စွဲထားသော ကျေးရွာများသို့သွားရောက်ကာ ဒရုန်းများဖြင့် ဝေဟင်မှလည်းကောင်း၊ မြေပြင်မှလည်းကောင်း မကြာခဏတိုက်ခိုက်လေ့ ရှိသည်။

(ပြီးခဲ့သည့် ဇွန်လအတွင်းက ရွှေဘိုနယ်တွင် စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက် နေသည့် ဒေသတွင်း PDFအဖွဲ့များအား တွေ့ရစဥ်)
(ပြီးခဲ့သည့် ဇွန်လအတွင်းက ရွှေဘိုနယ်တွင် စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက် နေသည့် ဒေသတွင်း PDFအဖွဲ့များအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ အကြမ်းဖက်စစ်ကောင်စီတပ် နှင့်ပျူစောထီး ကြီးစိုးရာ ကျေးရွာရှိ အကြမ်းဖက်အုပ်စုအား ယနေ့နံနက်ပိုင်းက အလစ်ဝင်တိုက်ရာ သုံးဦးသေဆုံးသွား ကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို(LPDF) အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့(ဇူလိုင်၁၈ ရက်) နံနက် ၆နာရီ ၄၇မိနစ်ခန့်က ရွှေဘိုမြို့နယ်အနောက်ခြမ်း ၌ စစ်ကောင်စီ တပ်နှင့် ပျူများအထိုင်ချနေသော ဇီးဖြူကုန်းကျေးရွာတွင် ပျူနှင့် စစ်သားများကင်းပုန်းချထိုင်နေစဥ် အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဇီးဖြူကုန်းကျေးရွာပျူစောထီးဖွဲ့ဝင်နှင့် အကြမ်းဖက် စစ်သား နှစ်ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရသွားကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို သီလုံး ကျေးရွာနှင့်ပန်းရံရွာမှ ပျူများက အခင်းဖြစ်ရာနေရာ သို့လာရောက်ပြီး ခေါ်ဆောင်ခဲ့ကြောင်း၊ ဒဏ်ရာရသူများကို နာရေးကားဖြင့်မြို့ထဲသို့ သယ်ယူပို့ ဆောင်ရာ နံနက် ၈နာရီ၄၅မိနစ်ခန့်တွင် မင်္ဂလာကျေးရွာ ရွာထိပ်အရောက်၌ ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ လမ်းဘေးဝဲယာ ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးအင်အားစုများ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟု ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့က ဆိုသည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF) တာဝန်ရှိသူက “ပါဆယ်မိုင်းနဲ့အရင် တိုက်ခိုက်ခဲ့တာပါ။ ကျန်တာကတော့ အသိပေးလို့မရလို့ပါ။”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အထက်ပါ​ဖြစ်စဥ်အား ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF) နှင့် မဟာမိတ်များ ဖြစ်ကြသော C&T Shwebo ၊ဒေါင်းမာန်-SHWEBO. (LDF) Snake Eyes.(LDF). MDF – Shwebo. ALPha -7(LDF)-Shwebo Federal Army (LDF)-ရွှေဘို စွန်ရဲ( LDF)-တိုက်နယ်(၂)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

အဆိုပါဒေသတွင်း PDF အဖွဲ့များသည် ရွှေဘိုခရိုင်အတွင်း အကြမ်းဖက်စစ်တပ် နှင့်ပျူများ တပ်စွဲထားသော ကျေးရွာများသို့သွားရောက်ကာ ဒရုန်းများဖြင့် ဝေဟင်မှလည်းကောင်း၊ မြေပြင်မှလည်းကောင်း မကြာခဏတိုက်ခိုက်လေ့ ရှိသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အာဏာသိမ်းစစ်အုပ်စုက ကာကွယ်ရေးဝန်ကြီးကိုအပြောင်းအလဲလုပ်သလို ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး နေရာကိုလည်း လူ​ပြောင်းလိုက်ပါတယ်။ဒါ့အပြင် ဗိုလ်ချုပ်အဆင့် နဲ့ တိုင်းမှူးအဆင့်တွေအပါအဝင် စစ်တပ်ထိပ်ပိုင်း ရာထူး​တွေကိုအပြောင်းအလဲထပ်လုပ်လိုက်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်အတွင်းစစ်​ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းက အသက်မပြည့်သေးတဲ့ စစ်ရှောင်အမျိုးသမီးငယ်တွေအပါအဝင် ၅ဦးကို ဖမ်းဆီးပြီးအုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့ဒေသခံ​တွေက​ပြောပါတယ် ။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အလုပ်သမားဝန်ကြီးဖြစ်လာသူစစ်အရာရှိဟောင်း ဦးမောင်မြင့်က ပြည်ပရောက်မြန်မာလုပ်သားတွေလစာပြန်မလွှဲတာကြောင့်အလုပ်သမားစေလွှတ်ရတာနိုင်ငံအတွက်အကျိုးမရှိဘူးလို့ သူရဲ့ Tik Tok ကတဆင့် ပြောလာပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook