Connect with us

Hi, what are you looking for?

သတင်း

ကျောက်ထု – ပခုက္ကူလမ်းအား ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း PDF အသိပေး

လိုအပ်၍ ထုတ်ပြန်ထားသောစည်းကမ်းများအားလိုက်နာဆောင်ရွက်ပေးခြင်းဖြင့် ကူညီပေးကြပါရန်နှင့် လိုက်နာမှုမရှိ၍ ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား မိမိတို့ကိုယ်တိုင်သာအပြည့် အဝတာဝန်ယူရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

People's Spring
People's Spring

▪️လမ်းမဘေးအစပ်များ ကပ်မမောင်ရန်နှင့် လမ်းဘေးဝဲ/ယာတောထဲမသွားရန် သတိပေး

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုမြို့မှ ပခုက္ကူမြို့သို့ သွားလာသည့် လမ်းပိုင်းအား ယနေ့မှစ၍ ပြန်လည် အသုံးပြုနိုင်ပြီဖြစ်ကြောင်း ကျောက်ထုပြည်သူ့ကာကွယ်ရေးတပ်(PDF)က အသိပေး ထုတ်ပြန်သည်။

အဆိုပါ လမ်းပိုင်းကို ဇူလိုင် ၁၅ရက်မှစ၍ ပိတ်ပင်ထားခဲ့ရာ ဇူလိုင် ၁၉ရက်တွင် ပြန်လည် အသုံးပြုနိုင်ပြီဖြစ် ကြောင်း အသိပေးခဲ့ခြင်းဖြစ်သည်။

လမ်းပိုင်းအသုံးပြုချိန် ကားလမ်းမကြီး၏ ဘေးအစပ်များကိုကပ်၍ ယာဉ်များမောင်းနှင်ခြင်း မပြုရန်နှင့် ကားလမ်းမကြီး၏ဘေး ဝဲ/ယာ တောထဲသို့ မည်သည့်အကြောင်းကိစ္စနှင့်မှ မသွားလာကြရန် ကျောက်ထု PDFက သတိပေးမေတ္တာရပ်ခံထားသည်။

လိုအပ်၍ ထုတ်ပြန်ထားသောစည်းကမ်းများအားလိုက်နာဆောင်ရွက်ပေးခြင်းဖြင့် ကူညီပေးကြပါရန်နှင့် လိုက်နာမှုမရှိ၍ ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား မိမိတို့ကိုယ်တိုင်သာအပြည့် အဝတာဝန်ယူရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ရက်က ပခုက္ကူမှ ထွက်လာသည့် စစ်ကောင်စီ ယာဉ်တန်းသည် ဇူလိုင် ၁၇ရက်တွင် ကျောက်ထုမြို့သို့ ရောက်ရှိနေပြီး ထိုမှတစ်ဆင့် ချင်းပြည်နယ် မတူပီမြို့သို့ မင်းတပ် – မတူပီ လမ်းမှ ဆက်လက် ခရီးဆက်နိုင်ဖွယ်ရှိကြောင်း၊ အကယ်၍ ထိုသို့ မတူပီသို့ သွားရောက်ပါက ပြင်းထန်စွာ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က ထုတ်ပြန်ထားသည်။ မင်းတပ် CDF အနေဖြင့်လည်း မင်းတပ် – မတူပီ လမ်းကို ယနေ့မှ စ၍ ပြည်သူများ သွားလာခြင်းမပြုရန် အသိပေး ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

သီတင်းကျွတ်ကာလမှာ စစ်တပ်က မကွေးတိုင်း၊ မြိုင်နဲ့ ပခုက္ကူမြို့နယ်က ဘုန်ကြီးကျောင်းတွေကို လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား