Connect with us

Hi, what are you looking for?

သတင်း

ကျောက်ထု – ပခုက္ကူလမ်းအား ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း PDF အသိပေး

လိုအပ်၍ ထုတ်ပြန်ထားသောစည်းကမ်းများအားလိုက်နာဆောင်ရွက်ပေးခြင်းဖြင့် ကူညီပေးကြပါရန်နှင့် လိုက်နာမှုမရှိ၍ ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား မိမိတို့ကိုယ်တိုင်သာအပြည့် အဝတာဝန်ယူရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

People's Spring
People's Spring

▪️လမ်းမဘေးအစပ်များ ကပ်မမောင်ရန်နှင့် လမ်းဘေးဝဲ/ယာတောထဲမသွားရန် သတိပေး

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုမြို့မှ ပခုက္ကူမြို့သို့ သွားလာသည့် လမ်းပိုင်းအား ယနေ့မှစ၍ ပြန်လည် အသုံးပြုနိုင်ပြီဖြစ်ကြောင်း ကျောက်ထုပြည်သူ့ကာကွယ်ရေးတပ်(PDF)က အသိပေး ထုတ်ပြန်သည်။

အဆိုပါ လမ်းပိုင်းကို ဇူလိုင် ၁၅ရက်မှစ၍ ပိတ်ပင်ထားခဲ့ရာ ဇူလိုင် ၁၉ရက်တွင် ပြန်လည် အသုံးပြုနိုင်ပြီဖြစ် ကြောင်း အသိပေးခဲ့ခြင်းဖြစ်သည်။

လမ်းပိုင်းအသုံးပြုချိန် ကားလမ်းမကြီး၏ ဘေးအစပ်များကိုကပ်၍ ယာဉ်များမောင်းနှင်ခြင်း မပြုရန်နှင့် ကားလမ်းမကြီး၏ဘေး ဝဲ/ယာ တောထဲသို့ မည်သည့်အကြောင်းကိစ္စနှင့်မှ မသွားလာကြရန် ကျောက်ထု PDFက သတိပေးမေတ္တာရပ်ခံထားသည်။

လိုအပ်၍ ထုတ်ပြန်ထားသောစည်းကမ်းများအားလိုက်နာဆောင်ရွက်ပေးခြင်းဖြင့် ကူညီပေးကြပါရန်နှင့် လိုက်နာမှုမရှိ၍ ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား မိမိတို့ကိုယ်တိုင်သာအပြည့် အဝတာဝန်ယူရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ရက်က ပခုက္ကူမှ ထွက်လာသည့် စစ်ကောင်စီ ယာဉ်တန်းသည် ဇူလိုင် ၁၇ရက်တွင် ကျောက်ထုမြို့သို့ ရောက်ရှိနေပြီး ထိုမှတစ်ဆင့် ချင်းပြည်နယ် မတူပီမြို့သို့ မင်းတပ် – မတူပီ လမ်းမှ ဆက်လက် ခရီးဆက်နိုင်ဖွယ်ရှိကြောင်း၊ အကယ်၍ ထိုသို့ မတူပီသို့ သွားရောက်ပါက ပြင်းထန်စွာ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က ထုတ်ပြန်ထားသည်။ မင်းတပ် CDF အနေဖြင့်လည်း မင်းတပ် – မတူပီ လမ်းကို ယနေ့မှ စ၍ ပြည်သူများ သွားလာခြင်းမပြုရန် အသိပေး ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။