Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆော – ဆိပ်ဖြူလမ်းပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ အများအပြား ဒဏ်ရာရပြီး ခုနစ်ဦးသေဟုဆို

“ကျွန်တော်တို့ ပြည်သူအတွက် အတတ်နိုင်ဆုံးကာကွယ်သွားပါမယ် ပြည်သူ့မေတ္တာကြောင့် အကောင်းဆုံးတိုက်ပွဲဝင်နိုင်မှာပါ”ဟု LSRPDF မှ ရဲဘော်တစ်ဦးက ပြောသည်။

(လောင်းရှည်ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များအားတွေ့ရစဥ်)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်ကောင်စီတပ်ကို ဆော – ဆိပ်ဖြူလမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း လောင်းရှည်ဒေသကာကွယ်ရေးတပ်ဖွဲ့ (LSRPDF)က ယနေ့(ဇူလိုင် ၁၈)တွင် ထုတ်ပြန်သည်။

ယနေ့ နေ့လယ် ၂ နာရီခွဲက ဆိပ်ဖြူမြို့နယ်အတွင်း အင်အား ၂၀၀ခန့်ဖြင့် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို ဆော – ဆိပ်ဖြူလမ်းပိုင်း မိုင်တိုင်(၄၄)တွင် မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ အများအပြားဒဏ်ရာရပြီး ခုနှစ်ဦးသေဆုံးကာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဆက်ဖြစ်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

နှစ်ဖက် အပြန်လှန်ပစ်ခတ်မှုတွင် လက်နက်ကြီးများ အချက်၅၀ကျော် ပစ်ခတ်ကြပြီး ပြည်သူ့မေတ္တာ ကြောင့် LSRPDF မှ ထိခိုက်ဒဏ်ရာ မရှိခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ ပြည်သူအတွက် အတတ်နိုင်ဆုံးကာကွယ်သွားပါမယ် ပြည်သူ့မေတ္တာကြောင့် အကောင်းဆုံးတိုက်ပွဲဝင်နိုင်မှာပါ”ဟု LSRPDF မှ ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် မိုင်တိုင်(၄၄)မှတဆင့် နဂါးပွက်တောင်အထိ ဆက်လက်စစ်ကြောင်း ထိုးလာခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် ဆော-ဆိပ်ဖြူလမ်ပိုင်းအား လုံးဝ အသွားအလာမပြုလုပ်ကြရန်နှင့် နဂါးပွတ်တောင်နှင့် နီးစပ်သော ကျေး ရွာများမှ ပြည်သူများ အထူးသတိပြု နေထိုင်ကြရန် အသိပေးထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။