Connect with us

Hi, what are you looking for?

သတင်း

ဆော – ဆိပ်ဖြူလမ်းပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ အများအပြား ဒဏ်ရာရပြီး ခုနစ်ဦးသေဟုဆို

“ကျွန်တော်တို့ ပြည်သူအတွက် အတတ်နိုင်ဆုံးကာကွယ်သွားပါမယ် ပြည်သူ့မေတ္တာကြောင့် အကောင်းဆုံးတိုက်ပွဲဝင်နိုင်မှာပါ”ဟု LSRPDF မှ ရဲဘော်တစ်ဦးက ပြောသည်။

(လောင်းရှည်ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များအားတွေ့ရစဥ်)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်ကောင်စီတပ်ကို ဆော – ဆိပ်ဖြူလမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း လောင်းရှည်ဒေသကာကွယ်ရေးတပ်ဖွဲ့ (LSRPDF)က ယနေ့(ဇူလိုင် ၁၈)တွင် ထုတ်ပြန်သည်။

ယနေ့ နေ့လယ် ၂ နာရီခွဲက ဆိပ်ဖြူမြို့နယ်အတွင်း အင်အား ၂၀၀ခန့်ဖြင့် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို ဆော – ဆိပ်ဖြူလမ်းပိုင်း မိုင်တိုင်(၄၄)တွင် မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ အများအပြားဒဏ်ရာရပြီး ခုနှစ်ဦးသေဆုံးကာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဆက်ဖြစ်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

နှစ်ဖက် အပြန်လှန်ပစ်ခတ်မှုတွင် လက်နက်ကြီးများ အချက်၅၀ကျော် ပစ်ခတ်ကြပြီး ပြည်သူ့မေတ္တာ ကြောင့် LSRPDF မှ ထိခိုက်ဒဏ်ရာ မရှိခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ ပြည်သူအတွက် အတတ်နိုင်ဆုံးကာကွယ်သွားပါမယ် ပြည်သူ့မေတ္တာကြောင့် အကောင်းဆုံးတိုက်ပွဲဝင်နိုင်မှာပါ”ဟု LSRPDF မှ ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် မိုင်တိုင်(၄၄)မှတဆင့် နဂါးပွက်တောင်အထိ ဆက်လက်စစ်ကြောင်း ထိုးလာခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် ဆော-ဆိပ်ဖြူလမ်ပိုင်းအား လုံးဝ အသွားအလာမပြုလုပ်ကြရန်နှင့် နဂါးပွတ်တောင်နှင့် နီးစပ်သော ကျေး ရွာများမှ ပြည်သူများ အထူးသတိပြု နေထိုင်ကြရန် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်တပ်ရဲ့ တပ်မ(၉၉)စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းရတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

လက်နက် ၁၁လက်၊ သုံ့ပန်း ၉ဦး၊ ယာဉ် ၃စီးနဲ့ ခဲယမ်း၊အသုံးအဆောင် ပစ္စည်းများ သိမ်းရ