သတင်း ဓာတ်ဆီပေပါများတွင် ရေရောစပ်ထား၍ ကား၊ဆိုင်ကယ်များပျက်စီးကြောင်း တိုင်တန်းလာသဖြင့် ကုန်တင်ယာဥ်နှစ်စီးနှင့် ယာဥ်မောင်းကိုထိန်းသိမ်းထား ကြောင်း ကောလင်း(ပအဖ) ထုတ်ပြန် နောက်နောင်တွင်လည်း ယခုလိုအများပြည်သူအကျိုးကိုထိခိုက်အောင် လုပ်ဆောင်လာမည့် မည်သူ့ကိုမဆို ဖမ်းဆီးပြီးထိုက်သင့်သည့် ပစ်ဒဏ်များချမှတ်သွားမည်ဟု ကောလင်း (ပအဖ)က သတိပေးသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် PDFတိုက်ပွဲဖြစ်ပွားနေ၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ကူများကြောင့် နေအိမ်အချို့မီးလောင် ထို့ကြောင့် မြို့အတွင်းရှိသော ပြည်သူလူထုများအနေဖြင့် အတတ်နိုင်ဆုံး ရှောင်နေပေးရန်နှင့် မြို့တွင်းသွားလာခြင်းများမပြုလုပ်ကြရန်လည်း သတိပေးသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း ထိုင်းစစ်တပ်ရဟတ်ယာဥ် နယ်စပ်မျဉ်းကျော်၍ပျံသန်း၍ ဒေသခံများ ထိတ်လန့် ထွက်ပြေးရဟု KNU တပ်မဟာ(၅)ထုတ်ပြန် ပြီးခဲ့သည့် နှစ်ပတ်ကလည်း က အဆိုပါဒေသအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့၍ လူဦးရေ ဒါဇင်ကျော် သေဆုံးထိခိုက်ရှိခဲ့ရာ ဒေသခံများ ကျီးလန့်စာစားသဖွယ် နေထိုင်သွားလာ၊ လုပ်ကိုင်စားသောက်နေရသည်ဟု KNU တပ်မဟာ(၅)က ထုတ်ပြန်သည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း အောင်မင်္ဂလာအဝေးပြေးဝင်းရှေ့ရှိ စစ်ထောက်လှမ်းရေးတပ်၏ စစ်ဆေးရေးဂိတ်ပေါက် နှစ်ခုကို ဖောက်ခွဲတိုက်ခိုက် ယင်းစစ်ဆင်ရေးအတွက် ACPLF Ranger အဖွဲ့၏ ကူညီပံ့ပိုးခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ကြောင်း Silver Coin မြောက်ဥက္ကလာပသမိုင်း မရိုင်းစေချင်သူများ လူငယ်အဖွဲ့ က အသိပေးထားသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း Kaung For You အတွက်လက်တုန့်ပြန်သည့်အနေဖြင့် တံတားဦးရှိ စစ်ဆေးရေးဂိတ်တစ်ခုကို မိုင်းပစ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သားတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ ယမန်နေ့(ဇူလိုင် ၁၇)ည ၇ နာရီ ၄၅ ခန့်က တံတားဦးမြို့ ကျောက်နယ်လမ်းဟောင်း စစ်ဆေးရေးဂိတ်အား FLA ဒုတာဝန်ခံမန်းမိုးကြိုးဦးဆောင်ပြီး စစ်ကောင်စီတပ်များရှိနေသော ဂိတ်တဲအတွင်း မိုင်းတစ်လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း အောင်မြင်စွာလည်ပတ်နေသော ပြည်သူ့ပညာရေးယန္တရားကို စစ်ကောင်စီကဖျက်ဆီးရန်ကြိုးပမ်းနေ၍လက်တွဲညီညီရှေ့ဆက်ကြရန်ကြားကာလပညာရေးကော်မတီတိုက်တွန်း အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့ပညာရေးအတွက် ဆောင်ရွက်နေသူများကို အငြိုးတကြီး လိုက်လံဖမ်းဆီးခြင်းသည် လူ့အခွင့်အရေးနှင့် လွတ်လပ်စွာပညာသင်ယူခွင့်ကို ချိုးဖောက်သည့် အပြင် ပြည်သူလူထုတစ်ရပ်လုံးအား ခြိမ်းခြောက်မှုဖြစ်သည်ဟု ထောက်ပြသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း Kaung For You နှင့်ဆက်စပ်သော CDM ဆရာ၊ ဆရာမများကို လက်ခံကြိုဆိုမည်ဟု အဖွဲ့အစည်းအချို့ ထုတ်ပြန် ကျောင်းနှင့် ဆက်သွယ်ထားမိသူများအနေဖြင့် ဖုန်း sim ကဒ်များပိတ်ကာ sim အသစ်ပြောင်းထားကြရန် သိန်းငှက်ပြောက်ကျားတပ်က အကြံပြုသည်။ ထို့အပြင် Kaung For You ကျောင်းသို့ ပေးထားသော နေရပ်လိပ်စာများမှ အမြန်ဆုံးရှောင်ရှားကြရန်လည်း တိုက်တွန်းထားသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း မြောင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပျူများအား လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ ဗျူဟာမှူးအပါအဝင် နှစ်ဦးသေဟုဆို စစ်ကောင်စီတပ်နှင့် ပျူများ၏ ပြန်လည်ပစ်ခတ်မှုကြောင့် CLDFက ရဲဘော်တစ်ဦးနှင့် တော်လှန်ရေးညီနောင် အင်အားစုဖြစ်သည့် မြောင်မြို့နယ် တော်လှန်ရေးတပ် - Myaung Revolution Army က ရဲဘော်တစ်ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း CLDFက အသိပေးထားသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း အရပ်သားပစ်မှတ်ကို ဦးတည်ပြီးတိုက်ခိုက်သည့်စစ်ကောင်စီ၏လုပ်ရပ် ပိုမိုဆိုးဝါးလာဟု KNU ပြော Kaung For You ကျောင်း နှင့် ဆက်စပ်နေသူများအပါအဝင် CDM ဆရာ၊ ဆရာမများအား ပစ်မှတ်ထား ဖမ်းဆီးရန် ကြိုးပမ်းနေသည့် စစ်ကောင်စီ၏ လုပ်ရပ်နှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ် ပဒိုစောတောနီးက အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားလိုက်ခြင်းဖြစ်သည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအားလုံး ဇူလိုင်၂၀ရက်မတိုင်ခင် နှုတ်ထွက်ရန် တိုင်း(ပကဖ)ညွှန်ကြားထား ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ အကြမ်းဖက် ယန္တရားတွင်ကိုယ်တိုင် ကာယကံမြောက် ပါဝင်ပါက ပြည်သူ့အသက် အိုးအိမ်၊ စည်းစိမ်ကို နှောက်ယှက်ဖျက်ဆီးသူများဟု မှတ်ယူလျက် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့်အညီပြင်းထန်စွာ အရေးယူဆောင်ရွက်မည်ဟု အသိပေးထားသည်။ LuduNwayOoဇူလိုင် 18, 2022