Connect with us

Hi, what are you looking for?

သတင်း

ဓာတ်ဆီပေပါများတွင် ရေရောစပ်ထား၍ ကား၊ဆိုင်ကယ်များပျက်စီးကြောင်း တိုင်တန်းလာသဖြင့် ကုန်တင်ယာဥ်နှစ်စီးနှင့် ယာဥ်မောင်းကိုထိန်းသိမ်းထား ကြောင်း ကောလင်း(ပအဖ) ထုတ်ပြန်

နောက်နောင်တွင်လည်း ယခုလိုအများပြည်သူအကျိုးကိုထိခိုက်အောင် လုပ်ဆောင်လာမည့် မည်သူ့ကိုမဆို ဖမ်းဆီးပြီးထိုက်သင့်သည့် ပစ်ဒဏ်များချမှတ်သွားမည်ဟု ကောလင်း (ပအဖ)က သတိပေးသည်။

(ပြီးခဲ့သည့် မေလအတွင်းက ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီအသုံးပြုမည့် ဓာတ်ဆီပေပါများကို နဂါးညီနောင်အထူးတပ်ဖွဲ့ (DBTF)က သိမ်းဆည်း ရမိခဲ့စဥ်)
(ပြီးခဲ့သည့် မေလအတွင်းက ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီအသုံးပြုမည့် ဓာတ်ဆီပေပါများကို နဂါးညီနောင်အထူးတပ်ဖွဲ့ (DBTF)က သိမ်းဆည်း ရမိခဲ့စဥ်)

ဓာတ်ဆီပေပါ ၁၀၇လုံးတွင် ရေရောစပ်ထား၍ သုံးစွဲသူမိဘပြည်သူများ၏ ကား၊ဆိုင်ကယ်များ ပျက်စီးကြောင်း တိုင်တန်းလာသဖြင့် ဓာတ်ဆီပေပါတင်လာသည့် ကုန်တင်ယာဥ်နှစ်စီးနှင့် ယာဥ်မောင်းကိုထိန်းသိမ်းထားကြောင်း ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ယနေ့(ဇူလိုင် ၁၈ ရက်) ထုတ်ပြန်သည်။

ကောလင်းခရိုင်၊ကောလင်းမြို့သို့ ဇူလိုင်၁၆ ရက်က ကုန်တင်ကားနှစ်စီးဖြင့် တင်ပို့လာသော ဓာတ်ဆီပေပါများတွင် ရေရောစပ်ထား၍ သုံးစွဲသူမိဘ ပြည်သူများ၏ ကား၊ဆိုင်ကယ်များ ပျက်စီးကြောင်းတိုင်တန်းလာသဖြင့် ကောလင်းမြို့နယ် ပြည်သူအုပ်ချုပ်ရေး (ပအဖ)၊
ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး(ပကဖ)၊ ကောလင်းမြို့နယ် ပြည်သူ့လုံခြုံရေး(ပလဖ) တို့က အဆိုပါ ဓာတ်ဆီပေပါကိုပို့ဆောင်လာသော ကားနှစ်စီးနှင့်ယဥ်မောင်းနှစ်ဦးတို့အား ခေတ္တထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။

နစ်နာသည့်ပြည်သူများနှင့် ကုန်သည်တို့အား ဆွေးနွေး ညှိနှိုင်းခိုင်းထားပြီး ထိန်းသိမ်းခံထားရသော ယာဥ်မှာ ၁၂ဘီးယာဥ် (4N/ 6650) နှင့် ခြောက်ဘီးယာဥ်တစ်စီး (8J / 3962)တို့ဖြစ်ကြောင်း အသိပေးသည်။

နောက်နောင်တွင်လည်း ယခုလိုအများပြည်သူအကျိုးကိုထိခိုက်အောင် လုပ်ဆောင်လာမည့် မည်သူ့ကိုမဆို ဖမ်းဆီးပြီးထိုက်သင့်သည့် ပစ်ဒဏ်များချမှတ်သွားမည်ဟု ကောလင်း (ပအဖ)က သတိပေးသည်။

Public Service Announcement

Public Service Announcement

မကြာသေးမီရက်ပိုင်းကလည်း ကောလင်းခရိုင်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများအနေဖြင့် ဇူလိုင် ၁၅ရက်နောက်ဆုံးထား၍ ရာထူးတာဝန်မှ စွန့်ခွာကြရန် ၊တာဝန်ကျရာနယ်မြေမှ စွန့်ခွာကြရန်ညွှန်ကြားလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကောလင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကြေညာထားသည်။

ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမပြုပါက အကြမ်းဖက်ယန္တရားတွင် ကိုယ်တိုင် ကာယကံမြောက်ပါဝင်ကာ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို နှောက်ယှက်ဖျက်ဆီးသူများဟု မှတ်ယူလျက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအပါအဝင် တည်ဆဲဥပဒေ များနှင့်အညီ ပြင်းထန်စွာ အရေးယူဆောင် ရွက်မည်ဟု ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း တန့်ဆည်နဲ့ ကောလင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာကူညီထောက်ပံ့တာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၆) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမှာ​ရေ​ဘေ​ကြောင့်​သေဆုံးသူ ၂၀ ဦးရှိလာ

သတင်း

စစ်ကိုင်းတိုင်း၊အင်း တော်မြို့နယ်၊မဲဇာတောင်နဲ့ ကောလင်းမြို့နယ်ကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေချိတ်ဆက်ဖို့ကြိုးစား နေပြီး တိုက်ပွဲ တွေ ဆက်တိုက်ပြင်းထန် နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၃၀ကျော်ဟာ အရက်ပြတ်သွားလို့ အရက်ပျံ ဆားခပ်ပြီး အရက်အဖြစ်သောက်ရာက ပိုးသတ်ဆေးနဲ့ မှားသောက်မိလို့ စစ်သား ၇ဦး သေဆုံးကာ တချို့မှာ ဆေးရုံပို့ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။