Connect with us

Hi, what are you looking for?

သတင်း

အောင်မင်္ဂလာအဝေးပြေးဝင်းရှေ့ရှိ စစ်ထောက်လှမ်းရေးတပ်၏ စစ်ဆေးရေးဂိတ်ပေါက် နှစ်ခုကို ဖောက်ခွဲတိုက်ခိုက်

ယင်းစစ်ဆင်ရေးအတွက် ACPLF Ranger အဖွဲ့၏ ကူညီပံ့ပိုးခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ကြောင်း Silver Coin မြောက်ဥက္ကလာပသမိုင်း မရိုင်းစေချင်သူများ လူငယ်အဖွဲ့ က အသိပေးထားသည်။

မြောက်ဥက္ကလာပမြို့နယ်
မြောက်ဥက္ကလာပမြို့နယ်

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် အောင်မင်္ဂလာအဝေးပြေးကားဝင်းရှေ့ရှိ စစ်ထောက်လှမ်းရေးတပ်၏ စစ်ဆေးရေးဂိတ်ပေါက် နှစ်ခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Silver Coin မြောက်ဥက္ကလာပသမိုင်း မရိုင်းစေချင်သူများ လူငယ်အဖွဲ့က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၇ ရက် ညနေ ၅နာရီ ၂၀ မိနစ်ခန့်တွင် အမှတ်(၃) လမ်းဆုံ အပေါက်ဝနှင့် အလယ်အပေါက်ဝရှိ စစ်ဆေးရေးဂိတ်ပေါက်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ပွဲကရာတွင် Taxi အငှားယဥ်များ ပြည်သူများအား မထိခိုက်အောင် ​ရှောင်ရှားနေခဲ့ရပါသည်။
တော်လှန်ရေးအရှိန်မြှင့်တင်နေပီဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ခွေးတပ်ချရာနေရာများနှင့် ၎င်းတို့နှင့် နီးစပ်ရာ ပတ်ဝန်းကျင်များအား ​ရှောင်ရှားသွားလာနေထိုင်ကြရန် ထပ်မံအသိပေးအပ်ပါသည်။”ဟု ထုတ်ပြန်ထားသည်။

ယင်းစစ်ဆင်ရေးအတွက် ACPLF Ranger အဖွဲ့၏ ကူညီပံ့ပိုးခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ကြောင်း Silver Coin မြောက်ဥက္ကလာပသမိုင်း မရိုင်းစေချင်သူများ လူငယ်အဖွဲ့ က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အရေးကြီးတဲ့ ထောက်လှမ်းရေး အကြီးအကဲ ရာထူးနေရာတစ်ခုမှာ အတွေ့အကြုံ မရှိတဲ့ မဟာမိတ် တစ်ဦးကို ရွေးချယ် ခန့်အပ်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် ထောက်လှမ်းရေးဌာန အကြီးအကဲ တူလစ် ဂက်ဘက်ဒ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ထောက်လှမ်းရေး သတင်းအချက်အလက် အဟောင်းတွေကို အားကိုးမိလို့ အမေရိကန်ဟာ အီရန် မိန်းကလေးကျောင်းကို မှားယွင်း တိုက်ခိုက်မိခဲ့တယ်လို့ ယုံကြည်ရကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ပစ်မှတ် ရှာဖွေ ထောက်လှမ်းမှုတွေအတွက် အီရန်ကို ရုရှားက အကူအညီ ပေးနေကြောင်း သတင်းတွေအပေါ် မစိုးရိမ်ဘူးလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။