သတင်း အင်္ဂဘိုရွာအနီး စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်မှ ၁၀ဦးသေဟု သထုံခရိုင် PDFတပ်ရင်း (၃)ထုတ်ပြန် ယမန်နေ့ ထုတ်ပြန်ချက်တွင် စစ်ကောင်စီယာဉ်၏ လုံခြုံရေးယူပေးသည့် ရှေ့ပြေးကင်းပုန်းမှ စစ်ကောင်စီဗိုလ်တစ်ဦးတိုက်ခိုက်မှုဖြစ်ပွားစဉ်ထွက်ပြေးရာ ကားတိုက်သေဆုံးခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇူလိုင် 16, 2022
သတင်း မြိတ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက် "သေပျောက်ကတော့မရှိပါဘူး။ မိုင်းပေါက်ကွဲပြီးတော့စစ်ခွေး၊ ရဲခွေး၊ ပျူစောထီးနှင့် မီးသတ်အဖွဲ့က သေနတ်ကိုင်ပြီး ရှာဖွေမှုတွေလုပ်နေတယ်လို့သိရပါတယ်"ဟု မြိတ် (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ LuduNwayOoဇူလိုင် 16, 2022
သတင်း လူငယ်များနှင့် ကျောင်းသားများကို နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲအမိန့်ချသည့် မင်္ဂလာတောင်ညွှန့်မြို့နယ် တရားသူကြီးကို ပစ်ခတ်ရှင်းလင်း STAအဖွဲ့သည် စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းရန် တိုက်ပွဲဝင်နေသော မြို့ပြစစ်သည်တော်များအဖွဲ့ဖြစ်ပြီး စစ်ကောင်စီနှင့် ၎င်းတို့၏ထောက်တိုင်များကို ရှင်းလင်းမှုများ ဆက်တိုက်ပြုလုပ်နေသည်။ LuduNwayOoဇူလိုင် 16, 2022
သတင်း ထီးလင်းနယ်တွင် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်ကို PDFတိုက်ခိုက် တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်သတင်းကိုအတည်ပြု၍ မရနိုင်သေးကြောင်း ထုတ်ပြန်သည်။ LuduNwayOoဇူလိုင် 16, 2022
သတင်း ကော်ဘရာစစ်ကြောင်း၏ Facebook Page စစ်ကောင်စီဘက်က Report လုပ်နေ၍ Pageကို 5 Starsပေးပြီး Good Reviewsများရေးပေးကြရန် ပြည်သူများထံ တောင်းဆို ကော်ဘရာစစ်ကြောင်းသည် မြ၀တီ - ဝေါ်လေလမ်းတလျှောက်တွင် စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည့် စစ်ကြောင်းဖြစ်ပြီး ဇူလိုင် ၁၂ရက်မှ ၁၄ရက်အတွင်း တိုက်ပွဲဖြစ်စဉ်များ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း များစွာကို ကော်ဘရာ စစ်ကြောင်းက သိမ်းဆည်းရရှိခဲ့သည်။ LuduNwayOoဇူလိုင် 16, 2022
သတင်း အကြမ်းဖက်အုပ်ချုပ်သူများရန်မှ ပြည်သူတစ်ရပ်လုံးလွတ်မြောက်ရေး ရဲ့ဝင့်စွာ တိုက်ပွဲဝင်ရန် KNDOနေ့သို့ KNU သဝဏ်လွှာပို့ တိုက်တွန်း ယခု လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခင်းအကျင်းသည် ကရင်အမျိုးသား တို့၏ နိုင်ငံရေး ရပ်တည်ချက်များနှင့် ကရင့်အမျိုးသားတော်လှန်ရေး၏ အနာဂတ်လမ်းစဉ်အတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော အချိန်ဖြစ်ကြောင်း သဝဏ်လွှာ၌ ဖော်ပြသည်။ LuduNwayOoဇူလိုင် 16, 2022
သတင်း ဆောအခြေစိုက် The Youth Force -Saw&Kyaukhtuအဖွဲ့မှ ရဲဘော်နှစ်ဦး လက်လုပ်လက်နက်ကြီး စမ်းသပ်ထုတ်လုပ်ရင်း ထိခိုက်ဒဏ်ရာရ ယမန်နေ့ (ဇူလိုင်၁၅ရက်)က The Youth Force -Saw&Kyaukhtuအဖွဲ့၏ အားထားရသော ရဲဘော်နှစ်ဦးမှာ လက်လုပ်လက်နက်ကြီးစမ်းသပ် ထုတ်လုပ်ရင်း မတော်တဆထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ LuduNwayOoဇူလိုင် 16, 2022
သတင်း ရေဖြူစရဖရုံးကိုဗုံးခွဲစဥ်စစ်ကူလာသောစစ်ကောင်စီတပ်ကား၃ စီးမိုင်းကိုPDFများမိုင်းခွဲတိုက်ခိုက်စစ်သား ၅ဦးသေ စရဖရုံးကိုတိုက်ခိုက်နေစဉ်ရေဖြူအနောက်ဘက်ကမ်းမှစစ်ကောင်စီတပ်က စစ်ကား ၃စီးဖြင့် စစ်ကူလာရာတွင်လောင်းလုံ-PDF- LLPDF ၊TPLF ၊ဇင်ယော်တပ်စုနှင့်ဒေသခံကာကွယ်ရေးတပ်တို့က ပူးပေါင်း၍ပဒေသာမိုင်းဖြင့် ဆီးကြိုတိုက်ခိုက်ခဲ့သည်။ LuduNwayOoဇူလိုင် 16, 2022
သတင်း ရွာငံမြို့တွင် PDFနှင့် ဒေသခံများ၏ သတင်းများကို စစ်ကောင်စီတပ်ထံတိုင်ကြားနေသည့် ပျူစောထီးတစ်ဦးကို ပစ်ခတ်ရှင်းလင်း ပင်းတယမြို့တွင် ပျုစောထီးနှင့်ပြည်သူ့စစ်ဖွဲ့ရန် ကြိုး စားနေသည့် ပြည်ခိုင်ဖြိုးပါတီအမတ်လောင်း ဦးကျော်ငြိမ်းကို ဇွန်လ ၁၈ရက်တွင် ချိုးဖြူပြောက်ကျား တပ်ဖွဲ့(JPGF)က သုတ်သင်ရှင်းလင်းခဲ့သည်။ LuduNwayOoဇူလိုင် 16, 2022
သတင်း တောင်သာမြို့နယ်တွင် စစ်ကောင်စီ၏ ရဲအချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးသေ၊ အမျိုးသမီးတစ်ဦး လက်ပြတ်ဟုဆို ယနေ့ (ဇူလိုင် ၁၅ရက်) ညနေ ၃နာရီမိနစ် ၄၀ခန့်က တောင်သာမြို့နယ် ရုံးစည်ကြီးနယ်မြေရဲစခန်းတွင် ရဲတပ်သားလင်မယားနှစ်ဦး စကားများရန်ဖြစ်ရာမှ သေနတ်နှင့်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု လူထုလှုပ်ရှားမှုကော်မတီ - တောင်သာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။ LuduNwayOoဇူလိုင် 16, 2022