Connect with us

Hi, what are you looking for?

သတင်း

ရေဖြူစရဖရုံးကိုဗုံးခွဲစဥ်စစ်ကူလာ​သောစစ်​ကောင်စီတပ်ကား၃ စီးမိုင်းကိုPDFများမိုင်းခွဲတိုက်ခိုက်စစ်သား ၅ဦး​သေ

စရဖရုံးကိုတိုက်ခိုက်နေစဉ်ရေဖြူအနောက်ဘက်ကမ်းမှစစ်ကောင်စီတပ်က စစ်ကား ၃စီးဖြင့် စစ်ကူလာရာတွင်​လောင်းလုံ-PDF- LLPDF ၊TPLF ၊ဇင်ယော်တပ်စုနှင့်ဒေသခံကာကွယ်ရေးတပ်တို့က ပူးပေါင်း၍ပဒေသာမိုင်းဖြင့် ဆီးကြိုတိုက်ခိုက်ခဲ့သည်။

ရေဖြူမြို့နယ်
ရေဖြူမြို့နယ်

ရေဖြူမြို့နယ်ရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးကို တိုက်ခိုက်​စီးနင်းနေစဥ် စစ်ကူလာသည့် စစ်​​ကောင်စီတပ်ကားကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့သည်ဟု လောင်းလုံမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)က သတင်းထုတ်ပြန်သည်။

​ရေဖြူစရဖရုံးကို ဇူလှိုင် ၁၃ ရက် ည ၁၀နာရီခွဲခန့်က ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့​လေးဖွဲ့ကပူး​ပေါင်း၍ဝင်ရောက်ဖောက်ခွဲတိုက်ခိုက်ရာရုံးအဆောက်အအုံတစ်ခုလုံးမီးလောင်ပြာကျခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်က ထိခိုက်​သေဆုံးမှုရှိ၊မရှိကို သီးခြားအတည်မပြုနိုင်ဟုပါရှိသည်။ စရဖရုံးတိုက်ခိုက်မှုကို DGRF၊ T1 Zone၊ TPLEနှင့် ဝေဟင်တပ်စုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စရဖရုံးကိုတိုက်ခိုက်နေစဉ်ရေဖြူအနောက်ဘက်ကမ်းမှစစ်ကောင်စီတပ်က စစ်ကား ၃စီးဖြင့် စစ်ကူလာရာတွင်​လောင်းလုံ-PDF- LLPDF ၊TPLF ၊ဇင်ယော်တပ်စုနှင့်ဒေသခံကာကွယ်ရေးတပ်တို့က ပူးပေါင်း၍ပဒေသာမိုင်းဖြင့် ဆီးကြိုတိုက်ခိုက်ခဲ့သည်။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကားနှစ်စီးမှာထိုနေရာတွင်ပင် လုံးဝပျက်စီးသွားပြီး စစ်ကောင်စီတပ်က အနီးပတ်ဝန်းကျင်ကိုရမ်းသမ်းပစ်ခတ်ခဲ့သည်။ထိုသို့ရမ်းသမ်းပစ်ခတ်ပြီး ကျန်ကားတစ်စီးမှာ ပြန်လည် မောင်းထွက်သွားသည်။

Public Service Announcement

Public Service Announcement

ထိုမိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ အများအပြားရှိပြီး စစ်ကောင်စီတပ်သား ၅ဦး မှာ ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ​လောင်းလုံPDF ကထုတ်ပြန်သည်။

“ကျွန်တော်တို့ဘက်တော့ အထိအခိုက်အကျအဆုံးမရှိဘူး”ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ကို​ရှေ့တွင်လည်းဆက်လက်တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအ​နေဖြင့်စစ်ဘက်ဆိုင်ရာရုံး၊ အဆောက်အအုံများ၊ စစ်ကား၊ရဲကားများတို့မှ အဝေးကို ရှောင်ရှားသွားကြရန်နှင့်ပစ်ခတ်သံများဖြစ်ပွားလျှင်သွားရောက်စူးစမ်းခြင်းမပြုရန် LLPDFက တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့