Connect with us

Hi, what are you looking for?

သတင်း

မြိတ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်

“သေပျောက်ကတော့မရှိပါဘူး။ မိုင်းပေါက်ကွဲပြီးတော့စစ်ခွေး၊ ရဲခွေး၊ ပျူစောထီးနှင့် မီးသတ်အဖွဲ့က သေနတ်ကိုင်ပြီး ရှာဖွေမှုတွေလုပ်နေတယ်လို့သိရပါတယ်”ဟု မြိတ် (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြိတ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်
မြိတ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်

မြိတ်မြို့ပေါ်တွင်စစ်ကောင်စီတပ်၏ ယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇူလိုင် ၁၆)ထုတ်ပြန်သည်။

ယနေ့နံနက် ၇ နာရီခန့်က မြိတ်မြို့၊ ရေပုန်းရပ်ကွက် ဘုံပျံစာသင်ကျောင်းသို့ လုပ်အားပေးသန့်ရှင်းရေးလုပ်ရန်လာသော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများလိုက် ပါလာသည့်ယာဥ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“သေပျောက်ကတော့မရှိပါဘူး။ မိုင်းပေါက်ကွဲပြီးတော့စစ်ခွေး၊ ရဲခွေး၊ ပျူစောထီးနှင့် မီးသတ်အဖွဲ့က သေနတ်ကိုင်ပြီး ရှာဖွေမှုတွေလုပ်နေတယ်လို့သိရပါတယ်”ဟု မြိတ် (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အထက်ပါတိုက်ခိုက်မှုကို နန်းထိုက်အောင်စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် အသိပေးထားပြီး ယခုကဲ့သို့မိုင်းဆွဲတိုက်ခိုက်မှုသည် မြိတ်(ပကဖ)၏လုပ်ရပ်သာဖြစ်ပြီး ဒေသခံပြည်သူများနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့လူထုများအနေဖြင့် စစ်သား၊ ရဲနှင့် ပျူစောထီးအဖွဲ့များ၏ နီးစပ်ရာသို့ သွားလာခြင်းမပြုကြရန်နှင့်ခရီးသည်တင်ကားများ၊ အိမ်စီးကားများအနေဖြင့် စစ်ကား၊ ရဲကားများနှင့် အနီးကပ်သွားလာခြင်းမပြုကြရန်မြိတ်(ပကဖ)ကသတိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။