Connect with us

Hi, what are you looking for?

သတင်း

ကော်ဘရာစစ်ကြောင်း၏ Facebook Page စစ်ကောင်စီဘက်က Report လုပ်နေ၍ Pageကို 5 Starsပေးပြီး Good Reviewsများရေးပေးကြရန် ပြည်သူများထံ တောင်းဆို

ကော်ဘရာစစ်ကြောင်းသည် မြ၀တီ – ဝေါ်လေလမ်းတလျှောက်တွင် စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည့် စစ်ကြောင်းဖြစ်ပြီး ဇူလိုင် ၁၂ရက်မှ ၁၄ရက်အတွင်း တိုက်ပွဲဖြစ်စဉ်များ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း များစွာကို ကော်ဘရာ စစ်ကြောင်းက သိမ်းဆည်းရရှိခဲ့သည်။

ဓာတ်ပုံ - Cobra Column
ဓာတ်ပုံ - Cobra Column

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရဲဘော်များ ပါဝင်ဖွဲ့စည်းထားသည့် ကော်ဘရာစစ်ကြောင်း၏ Cobra Column Facebook Page ကို အကြမ်းဖက်စစ်ကောင်စီဘက်‌‌က အုပ်စုဖွဲ့ပြီး Report လုပ်နေကြကြောင်း ကော်ဘရာ စစ်ကြောင်းက ယနေ့ ထုတ်ပြန်အသိပေးသည်။

ထိုသို့နည်းမျိုးစုံဖြင့် Report လုပ်နေ၍ Video အချို့၊ Post အချို့ ဖျက်ချခံထိခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် Cobra Column Facebook Page ဆက်လက်တည်ရှိနိုင်ဖို့အတွက် Page ကို 5 Stars ပေးပြီး Good Reviews များ ရေးပေးခြင်းဖြင့် Page Engagement နဲ့ Stability ရရှိရေး ကူညီပေးကြရန် ကော်ဘရာစစ်ကြောင်းက တောင်းဆိုထားသည်။

အကြမ်းဖက်စစ်ကောင်စီဘက်‌‌က အုပ်စုဖွဲ့ပြီး Report လုပ်ကြနေ၍ Post Reach လည်း လျော့ကျနေကြောင်း၊ ထို့ကြောင့်ဓမ္မဘက်တော်သားများ၏ စည်းလုံးမှုကို ပြန်လည်ပြသပေးကြရန် ဖော်ပြထားသည်။

ကော်ဘရာစစ်ကြောင်းသည် မြ၀တီ – ဝေါ်လေလမ်းတလျှောက်တွင် စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည့် စစ်ကြောင်းဖြစ်ပြီး ဇူလိုင် ၁၂ရက်မှ ၁၄ရက်အတွင်း တိုက်ပွဲဖြစ်စဉ်များ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း များစွာကို ကော်ဘရာ စစ်ကြောင်းက သိမ်းဆည်းရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။