Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းနယ်တွင် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်ကို PDFတိုက်ခိုက်

တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်သတင်းကိုအတည်ပြု၍ မရနိုင်သေးကြောင်း ထုတ်ပြန်သည်။

(ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်(PDF)မှ ရဲ​ဘော်များအား ​တွေ့ရစဥ်)
(ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်(PDF)မှ ရဲ​ဘော်များအား ​တွေ့ရစဥ်)

မကွေးတိုင်း ထီးလင်းမြို့နယ်တွင် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ယမန်နေ့က တိုက်ခိုက်ခဲ့ကြောင်း ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်(PDF)က အသိပေးထုတ်ပြန်သည်။

ဇူလိုင် ၁၅ရက် နံနက် ၈နာရီခွဲခန့်တွင် ထီးလင်းမြို့နယ် ကင်းပန်းရွာ ၌ စခန်းချထားသည့် စစ်ကောင်စီတပ်သည် ကင်းပန်းရွာမြောက်ဘက် လသာတောင်ခြေရင်း ဘက် ရောက်ရှိစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲသည် နာရီဝက်ကြာမြင့်ခဲ့ပြီး လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်သတင်းကိုအတည်ပြု၍ မရနိုင်သေးကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook