Connect with us

Hi, what are you looking for?

သတင်း

လူငယ်များနှင့် ကျောင်းသားများကို နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲအမိန့်ချသည့် မင်္ဂလာတောင်ညွှန့်မြို့နယ် တရားသူကြီးကို ပစ်ခတ်ရှင်းလင်း

STAအဖွဲ့သည် စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းရန် တိုက်ပွဲဝင်နေသော မြို့ပြစစ်သည်တော်များအဖွဲ့ဖြစ်ပြီး စစ်ကောင်စီနှင့် ၎င်းတို့၏ထောက်တိုင်များကို ရှင်းလင်းမှုများ ဆက်တိုက်ပြုလုပ်နေသည်။

(မင်္ဂလာတောင်ညွှန့်မြို့နယ် တရားသူကြီးချုပ် ဦးစန်းလင်းအား ​တွေ့ရစဥ်)
(မင်္ဂလာတောင်ညွှန့်မြို့နယ် တရားသူကြီးချုပ် ဦးစန်းလင်းအား ​တွေ့ရစဥ်)

လူငယ်များနှင့် ကျောင်းသားများကို နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲအမိန့်ချသည့် မင်္ဂလာတောင်ညွှန့်မြို့နယ် တရားသူကြီး ဦးစန်းလင်းအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အထူးတာဝန်လုပ်ငန်းအဖွဲ့ Special Task Agency of Burma(STA)အဖွဲ့က အသိပေးထားသည်။

ဇူလိုင် ၁၅ရက် ည ၇ နာရီခန့်တွင် တရားရုံးမှ ​နေအိမ်သို့ အငှားယာဉ်ဖြင့်ပြန်လာစဉ် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း STA မှ တာဝန်ရှိသူက ပြောသည်။

“ပစ်ခတ်မှုကြောင့် တရားသူကြီးချုပ် ဦးစန်းလင်း ပွဲချင်း ပြီးသေဆုံးပြီး အငှားယာဉ်မောင်းထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ပါ။မိမိတို့ အဖွဲ့သားများအနေဖြင့် အထိအခိုက်မရှိ အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့ပါသည်”ဟု ၎င်းက​ပြောသည်။

STA အဖွဲ့အနေဖြင့် ဇူလိုင် ၁၅ရက် ညနေ ၄နာရီကလည်း လှိုင်သာယာမြို့နယ်တရားရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

မိုင်းပေါက်ကွဲပြီးချိန်၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့သော်လည်း အဖွဲ့သားအားလုံးဘေးကင်းကြောင်း ၎င်းက ဆိုသည်။

STAအဖွဲ့သည် စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းရန် တိုက်ပွဲဝင်နေသော မြို့ပြစစ်သည်တော်များအဖွဲ့ဖြစ်ပြီး စစ်ကောင်စီနှင့် ၎င်းတို့၏ထောက်တိုင်များကို ရှင်းလင်းမှုများ ဆက်တိုက်ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းမှုကြောင့် လူ့ဘဝတစ်ခုလုံး စုတ်ပြတ်သွားလိမ့်မယ်လို့ မထင်ခဲ့မိကြောင်း အ သက် ၃၀စွန်းစအရွယ် စာရင်းကိုင်လူငယ်တစ်ဦးက ပြောတယ်။