Connect with us

Hi, what are you looking for?

သတင်း

မုံရွာ၊ ချင်းတွင်းမြစ်ဇက်ဆိပ်တွင် စက်သုံးဆီတင်စက်​လှေမီး​လောင်ကျွမ်း​နေ

ယနေ့(ဇူလိုင်လ၁၀ရက်)နံနက် ၀၉း၁၅ အချိန်ခန့်ကစတင်ကာ ဆီတင်ဖလက်ယာဥ်ကြီး(စက်လှေ)တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ်ယာဥ်များဖြင့် ​ငြှိမ်းသတ်နေသော်လည်း နံနက် ၁ဝး၅၀ အချိန်ထိ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။

ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချင်းတွင်းမြစ် သလ္လာဝတီဇက်ဆိပ်တွင်ယ​နေ့နံနက် ၉ နာရီ​ကျော်က စက်သုံးဆီတင် စက်လှေမီးလောင်ကျွမ်းမှုဖြစ်ပွားရာ ယခု ၁၁နာရီဝန်းကျင်အထိ ငြှိမ်းသတ်နေရဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဇူလိုင်လ၁၀ရက်)နံနက် ၀၉း၁၅ အချိန်ခန့်ကစတင်ကာ ဆီတင်ဖလက်ယာဥ်ကြီး(စက်လှေ)တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ်ယာဥ်များဖြင့် ​ငြှိမ်းသတ်နေသော်လည်း နံနက် ၁ဝး၅၀ အချိန်ထိ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။

မီးခိုးလုံးကြီးများကို မုံရွာမြို့တွင်းမှလည်း ​မြင်တွေ့ကြရပြီး မြစ်ဆိပ်အနီးဝန်းကျင် အဆောက်အအုံများအား မီးမကူးစေရန် ကြိုးစားငြှိမ်းသတ်နေသည်ဟု ဒေသခံတို့က ပြောသည်။
မီးမည်သို့စတင်​လောင်ကျွမ်းခဲ့သည်ကိုလည်းမသနရ​သေး​ပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

Facebook