Connect with us

Hi, what are you looking for?

သတင်း

ကနီတွင် စစ်ကောင်စီသတ်ဖြတ်ခဲ့သော ပြည်သူ ၁၆ဦး၏ (၁)နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားပြုလုပ်

အဆိုပါကြွေလွင့်သွားသော ပြည်သူ ၁၆ ဦး၏ (၁)နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသပိတ် နှင့်အတူ ကျင်းပခဲ့ပြီး ကြွေလွင့်သွားသော ပြည်သူများ၏ မိသားစုဝင်များ၊ တော်လှန်ရေး အင်အားစုများ ၊ ဒေသခံ ပြည်သူ ၅ဝဝကျော် တက်ရောက်ခဲ့ကြသည်။

ဓာတ်ပုံ - ကနီမြို့နယ်နွေဦးတော်လှန်ရေးသပိတ်အင်အားစု
ဓာတ်ပုံ - ကနီမြို့နယ်နွေဦးတော်လှန်ရေးသပိတ်အင်အားစု

ကျဆုံးပြည်သူများ၏ မိသားစုဝင်များနှင့် တော်လှန်ရေးအင်အားစုများ ၅ဝဝကျော် တက်ရောက်

စစ်ကိုင်းတိုင်း ကနီမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အကြမ်းဖက်စစ်ကောင်စီက သတ်ဖြတ်ခဲ့သော တော်လှန်ပြည်သူ ၁၆ဦး၏ (၁)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ယမန်နေ့ (ဇူလိုင် ၉) နံနက်ပိုင်း၌ ပြုလုပ်ခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၂၁ ဇူလိုင် ၉ရက် နှင့် ၁၀ရက်တွင် စစ်ကောင်စီ၏ ကလေးအခြေစိုက် တပ်ရင်း (၂၂၈) ၊ တပ်မ (၄၄) ၊ တပ်မ ၉၉ သည် ကနီမြို့နယ်အတွင်း ရောက်ရှိလာပြီး ယင်းရွာ၏ အရှေ့ဘက် ခင်တန်းရှည်ကုန်းအနီးတွင် ဒေသခံပြည်သူ ၂၆ဦးကို ဖမ်းဆီးခဲ့သည်။

ဓာတ်ပုံ - ကနီမြို့နယ်နွေဦးတော်လှန်ရေးသပိတ်အင်အားစု
ဓာတ်ပုံ – ကနီမြို့နယ်နွေဦးတော်လှန်ရေးသပိတ်အင်အားစု

ထို့နောက် အမျိုးသမီးများကို ပြန်လွှတ်ပေးခဲ့ပြီး ဒေသခံပြည်သူအမျိုးသား ၁၆ဦးကို ရက်ရက်စက်စက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူများမှာ ကနီမြို့နယ် ယင်းရွာမှ (၁၃)ဦး ၊ ကုန်းသာရွာမှ (၁)ဦး ၊ ထောက်ကြံ့ကုန်းရွာမှ(၁)ဦး နှင့် ရေဦးမြို့နယ် ပလူဇဝရွာမှ (၁)ဦးတို့ ဖြစ်ကြသည်။

ဓာတ်ပုံ - ကနီမြို့နယ်နွေဦးတော်လှန်ရေးသပိတ်အင်အားစု
ဓာတ်ပုံ – ကနီမြို့နယ်နွေဦးတော်လှန်ရေးသပိတ်အင်အားစု

အဆိုပါကြွေလွင့်သွားသော ပြည်သူ ၁၆ ဦး၏ (၁)နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသပိတ် နှင့်အတူ ကျင်းပခဲ့ပြီး ကြွေလွင့်သွားသော ပြည်သူများ၏ မိသားစုဝင်များ၊ တော်လှန်ရေး အင်အားစုများ ၊ ဒေသခံ ပြည်သူ ၅ဝဝကျော် တက်ရောက်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ထို့နောက် NUG ကာကွယ်ရေးအလံတော်အား အလေးပြုခြင်း၊ ခေတ်အဆက်ဆက်နှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံး ကြွေလွင့်သွားသော အာဇာနည်များ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား ဦးညွတ်အလေးပြုခြင်း ၊ ကနီနယ် ဇူလိုင် ၉ ရက်တွင် ကျဆုံးသွားသော နွေဦးသူရဲကောင်း ၁၆ဦးအား အလေးပြုခြင်း ၊ ကျဆုံးသွားသူများအား လွမ်းဆွတ်တမ်းတသောအားဖြင့် ၈ စက္ကန့်ငြိမ်သက်ခြင်း တို့ပြုလုပ်ခဲ့သည်။

ထို့အပြင် ယနေ့ (ဇူလိုင် ၁၀) နံနက်ပိုင်းတွင်လည်း ကြွေလွင့်သွားသူ ၁၆ဦးအား ရည်စူး၍ အမျှ ပေးဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်က အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့ ကြိုးစားနေပြီး ပြည်သူတွေအနေနဲ့စစ်ကြောင်းတွေကို (၃)မိုင်အကွာက ရှောင်ရှားကြဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ သတိပေး ထုတ်ပြန်ပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။