Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်း၌ ရွှေလရောင်ခရီးသည်ယာဉ် တံတားဘေးချောက်အတွင်း ထိုးကျ၊ ခရီးသည်တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်၌ လိုက်ပါလာသူ ခရီးသည် ၁၁ဦးအနက် တစ်ဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ဆိုသည်။

ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

ရန်ကုန် – မန္တလေး အမြန်လမ်း၌ ခရီးသည်ယာဉ်တစ်စီး တံတားဘေးချောက်အတွင်း ထိုးကျတိမ်းမှောက်ခဲ့ရာ ခရီးသည်တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၀ရက် နံနက် ၆နာရီခန့်တွင် ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၄၅/၂) အနီး၌ ရွှေလရောင် ခရီးသည်တင်ယာဉ်လိုင်းမှကားတစ်စီး တိမ်းမှောက်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး လူညပ်နေကြောင်း သတင်းရရှိ၍ ဘောနတ်ကြီး ၊ဘောနီ ၊ ဘုရားကြီးနယ်မြေအမြန်လမ်းမီးသတ်စခန်းများမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်၌ လိုက်ပါလာသူ ခရီးသည် ၁၁ဦးအနက် တစ်ဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ဆိုသည်။

“ကားဆရာအိပ်ငိုက်သွားတာတဲ့ဗျာ။စိတ်မကောင်းပါဘူးဗျာ ။ဖြေးဖြေးမောင်းကြပါ မိုးတွေလဲရွာနေပါတယ်ဗျာ ။”ဟု ခရီးသွားတစ်ဦးက ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လူသတ် ကားလုယက်တဲ့ ဒုရဲအုပ်က ကျွဲဂိမ်းဆော့သူဟုဆို

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မိဘဂုဏ်ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပြီး ကားပေါ်လိုက်ပါလာသူ ၂၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။

Facebook