Connect with us

Hi, what are you looking for?

သတင်း

ရေဦးနယ်ရှိ (ပကဖ)စခန်းငယ်တစ်ကို စစ်ကောင်စီတပ် ရဟတ်ယာဥ်ငါးစီးအသုံးပြုတိုက်ခိုက်

စခန်းစီးနင်းခံရသည့် ဇူလိုင် ၈ ရက် နေ့လယ်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ရေဦး(ပကဖ)တို့ ကမ်းဖြူရွာအနီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံး ရှိခဲ့သည်ဟု ထုတ်ပြန်သည်။

ပ.က.ဖ(ရေဦး)မှ တော်လှန်ရေးရဲဘော်အချို့အားတွေ့ရစဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်)
ပ.က.ဖ(ရေဦး)မှ တော်လှန်ရေးရဲဘော်အချို့အားတွေ့ရစဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်)

ရေဦးမြို့နယ် စည်သာမြေရှိ ပ.က.ဖ စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်မှ တိုက်ခိုက်ရေး ရဟတ်ယာဥ်နှင့် သယ်ပို့ရဟတ်ယာဥ်များအသုံးပြုပြီး တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း ပ.က.ဖ (ရေဦး)က ယနေ့(ဇူလိုင် ၁၀)အသိပေး ထုတ်ပြန်သည်။

ဇူလိုင် ၈ ရက် နံနက်ပိုင်းက စည်သာမြေရှိ ပ.က.ဖ စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်မှ စစ်သုံးတိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး၊သယ်ပို့ရဟတ်ယာဉ်လေးစီးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

စခန်းငယ်တိုက်ခိုက်ခံရမှုတွင် လက်လုပ်ကိုးလုံးသေနတ်၊ ဆိုင်ကယ်၊ သယ်ပို့ကား၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းအချို့သိမ်းဆည်းခံခဲ့ရကြောင်း ပ.က.ဖ(ရေဦး)က အသိပေးသည်။

“ကျွန်တော်တို့ သတင်းတွေက ကျွန်တော်တို့အဖွဲ့တွေအတွက်၊ လုံခြုံရေးအတွက် အထူးဂရုစိုက် နေရတဲ့ကာလမှာမို့ ကျွန်တော်တို့ အသေးစိပ်ထုတ်ပြန်နိုင်ခြင်းနဲ့ မှတ်ချက်ပေးနိုင်ခြင်းမရှိသေးပါဘူး ခင်ဗျ”ဟု ပ.က.ဖ(ရေဦး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စခန်းစီးနင်းခံရသည့် ဇူလိုင် ၈ ရက် နေ့လယ်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ရေဦး(ပကဖ)တို့ ကမ်းဖြူရွာအနီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံး ရှိခဲ့သည်ဟု ထုတ်ပြန်သည်။

ယင်းထိတွေ့တိုက်ပွဲတွင် ပ.က.ဖ(ရေဦး)မှ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသခံ၇ ဦးသေဆုံးခဲ့တယ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook