News DKBA အရာရှိတစ်ဦးနေအိမ်ရောက်နေတဲ့ ထိုင်းသွားအလုပ်လုပ်မယ့် မြန်မာလုပ်သား တစ်ရာကျော်ကို စစ်ကောင်စီတပ်ဖမ်းဆီး အလုပ်သမားတွေဖမ်းမိခဲ့တဲ့အိမ်က NCA လက်မှတ်ထိုးထားတဲ့ ဒီမိုကရေစီအကျိုးပြုတပ်မတော် (DKBA)အရာရှိတစ်ဦးရဲ့ နေအိမ်ဖြစ်ပါတယ်။ LuduNwayOoအောက်တိုဘာ 10, 2021
News ပခုက္ကူမြို့နယ်မှ စစ်ကောင်စီခန့်အုပ်ကြီးများအောက်တိုဘာ၁၀ရက်မှစတင်နှုတ်ထွက်ရန် PDF-PKU သတိပေး ပြည်သူလူထုများအနေဖြင့်လည်းအရေးတော်ပုံအမြန်ဆုံးအောင်နိုင်ရေးအတွက် PDFအဖွဲ့၀င်များ၊ တော်လှန်ရေးအင်အားစုများအား တတ်စွမ်းရာကဏ္ဍမှ ဝိုင်း၀န်းပူးပေါင်းဆောင်ကြပါရန် အသိပေးသည်။ LuduNwayOoအောက်တိုဘာ 10, 2021
ဆောင်းပါး အကြမ်းဖက်စစ်တပ်ရဲ့ ဖြတ်လေးဖြတ်မှာ ညီညွတ်နေတဲ့စစ်ဘေးရှောင်များ "သြဂုတ် လကတည်းက ရွာနဲ့ အတော် ဝေးတဲ့ နှစ်နာရီ သုံးနာရီ လောက် ခြေကျင်သွားရတဲ့ တောထဲမှာ ရှောင်နေခဲ့ရတယ်။အခုထိလည်း ကျွန်တော်တို့ မိသားစု အပါအဝင် ရွာခံတော်တော်များများရှောင်နေကြရတယ်"ဟု ကိုထွန်းလှိုင်က ဖွင့်ဟသည်။ LuduNwayOoအောက်တိုဘာ 10, 2021
News ပြည်သူလူထုက ဆန့်ကျင်နေ၍နောက်နှစ်မကုန်မီ စစ်ကောင်စီကျရှုံးမည်ဟု ကရင်နီတပ်စစ်ဦးစီးချုပ်သုံးသပ် “မင်းအောင်လှိုင်က ရွာသားများကို သတ်ပြီး နေအိမ်များကို မီးရှို့နေခြင်းကြောင့် အားလုံးက မဆန့်ကျင်ဘဲ မနေဘူး”ဟု လူငယ်အများအပြား လက်နက်ကိုင်တော်လှန် ရေးတွင်ပါဝင်လာမှုကို ဗိုလ်ချုပ်ဘီထူးက မှတ်ချက်ပြုသည်။ LuduNwayOoအောက်တိုဘာ 10, 2021
News ဖာပွန်မှာစစ်ကောင်စီခန့်အုပ်ကြီးတစ်ဦးပစ်သတ်ခံရ ဒီကနေ့ မနက် ၈ နာရီကျော်အချိန်က ဖာပွန်ခရိုင် ကမမောင်းမြို့ အမှတ် ၃ ရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန်းအောင်ဟာ ဈေးကနေအပြန် နေအိမ်ရှေ့အရောက်မှာ လူနှစ်ယောက်က ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်နဲ့ လေးချက်ပစ်ခတ်သွားခဲ့တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။ LuduNwayOoအောက်တိုဘာ 9, 2021
News မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းနှင့် စစ်ကောင်စီထိန်းချုပ်ထားသော ဘဏ်နှစ်ဘဏ်ကို အီးယူက ပိတ်ဆို့ဒဏ်ခပ်ရန် ဥရောပလွှတ်တော်တိုက်တွန်း အောက်တိုဘာ ၇ ရက်တွင် ဥရောပလွှတ်တော်က မြန်မာ့အရေးနှင့်ပတ်သော ဆုံးဖြတ်ချက် ၃၃ ချက်ချမှတ်ခဲ့ပြီး ထိုထဲတွင် မြန်မာ့စစ်ဗိုလ်ချုပ်များ၏ အဓိကဝင်ငွေရလမ်းကို ပိတ်ဆို့ဒဏ်ခပ်ရန်ပါဝင်ခြင်းဖြစ်သည်။ LuduNwayOoအောက်တိုဘာ 9, 2021
ဗီဒီယို မန္တလေးမှာညပိုင်း ပစ်ခတ်မှုတွေရှိခဲ့ပေမယ့် ပုံမှန်အတိုင်းသွားလာ၊ ဆန္ဒပြမှုတွေအရှိန်ပိုကောင်းလာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့ မဟာအောင်မြေမြို့နယ် ၆၂ လမ်း ၃၈ လမ်းနေရာမှာလည်း ပုံမှန်အခြေအနေကိုတွေ့ရပါတယ်။ LuduNwayOoအောက်တိုဘာ 9, 2021
News အင်းတော်ကြီးရှိ KIAရှေ့တန်းနယ်မြေသို့ စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ တနိုင်း လီဒိုလမ်း၌ နေစဉ်နီးပါးတိုက်ပွဲဖြစ် “အခုတလောကတော့ ရသတ္တပတ်အတွင်းမှာတော့ လီဒိုလမ်းဘက်မှာ နေ့တိုင်းလိုလို ခြုံခိုတိုက်ပွဲတွေ မိုင်းဆွဲတဲ့ တိုက်ပွဲတွေရှိတယ်။ အဲဒီဘက်မှာများ သူတို့ထိခိုက်တာများတာလားပေါ့”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ LuduNwayOoအောက်တိုဘာ 9, 2021
News ဘားအံမြို့နယ်တွင် ဗုံးခိုကျင်းအတွင်းအောက်စီဂျင်ပြတ်၍ မိသားစုဝင်လေးဦးစလုံးသေဆုံး "ကျင်းထဲကို ခြင်းဆေးဖြန်းတယ်လို့လည်း သိရတယ်။ သူတို့တွေက ကျင်းထဲဆင်းပြီး ပစ္စည်းတွေ နေရာချတာကနေ အခုလိုဖြစ်တာလို့ သိရတယ်"ဟု ဒေသခံတစ်ဦး ကပြောသည်။ LuduNwayOoအောက်တိုဘာ 9, 2021
News ထီးချိုင့်တွင် စစ်ကောင်စီတပ်က ပြည်သူငါးဦးထက်မနည်းကိုဖမ်းဆီး ၊ဒေသခံတော်လှန်ရေးအဖွဲ့နှင့်ပစ်ခတ်မှုတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေ ထီးချိုင့်မြို့တွင်း မြို့ပြင်နေရာများကို စစ်ကောင်စီအင်အားအများအပြားက အောက်တိုဘာ၈ရက်ညတွင် ဝင်ရောက်ရှာဖွေခြင်း ၊စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF)က ယနေ့ သတင်းထုတ်ပြန်သည်။ LuduNwayOoအောက်တိုဘာ 9, 2021