Connect with us

Hi, what are you looking for?

News

ဘားအံမြို့နယ်တွင် ဗုံးခိုကျင်းအတွင်းအောက်စီဂျင်ပြတ်၍ မိသားစုဝင်လေးဦးစလုံးသေဆုံး

“ကျင်းထဲကို ခြင်းဆေးဖြန်းတယ်လို့လည်း သိရတယ်။ သူတို့တွေက ကျင်းထဲဆင်းပြီး ပစ္စည်းတွေ နေရာချတာကနေ အခုလိုဖြစ်တာလို့ သိရတယ်”ဟု ဒေသခံတစ်ဦး ကပြောသည်။

တိုက်ပွဲရှောင်ရန်တူးထားသည့် ဗုံးခိုကျင်းထဲတွင် အောက်ဆီဂျင်ပြတ်လပ်ပြီး မိသားစုဝင်လေးဦးလုံးသေဆုံးမှု ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ယနေ့ ဖြစ်ပွားခဲ့သည်။

ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့ရင်းအောက်ကျေးရွာတွင် မိသားစုဝင်လေးဦးလုံး ဗုံးခိုကျင်းထဲဝင်စဥ်အောက်စီဂျင်ပြတ်၍ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ကျင်းထဲကို ခြင်းဆေးဖြန်းတယ်လို့လည်း သိရတယ်။ သူတို့တွေက ကျင်းထဲဆင်းပြီး ပစ္စည်းတွေ နေရာချတာကနေ အခုလိုဖြစ်တာလို့ သိရတယ်”ဟု ဒေသခံတစ်ဦး ကပြောသည်။

ကျင်းထဲတွင် သေဆုံးနေကြသည်ကို နံနက် ကိုးနာရီခန့်က သိခဲ့ခြင်းဖြစ်သည်။ ဗုံးခိုကျင်းသည် ထွက်ပေါက် အဝ အကျယ်နှစ်ပေ၊ အနက် ခြောက်ပေနှင့် အကျယ် ၁၄ ပေရှိပြီး စစ်ကောင်စီနှင့် KNUအပါအဝင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များစစ်ရေးတင်းမာနေ၍ ဗုံးခိုကျင်းအတွင်း ဝင်ရောက်ခိုဝင်နေကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ကရင်ပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဒေသအများစုတွင် တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံပြည်သူများကစစ်ကောင်စီတပ်ကလေယာဥ်ဖြင့်ဗုံးလာကျဲလျှင်တိမ်းရှောင်ရန်၎င်းတို့၏နေအိမ်ခြံဝင်းများအတွင်း ဗုံးခိုကျင်းများတူးထားကြသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီလေတပ်က စစ်ကိုင်းတိုင်းကိုပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် လူစုလူဝေးတွေ မပြုလုပ်ဖို့နဲ့ ဗုံးခိုကျင်းတွေ တူးထားကြဖို့ တန့်ဆည်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ဒီဇင်ဘာလ ၁၉ရက်မှာ အသိပေးတိုက်တွန်းလိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ လေကြောင်းရန်ကာကွယ်ဖို့အတွက် ဗုံးခိုကျင်းဆောက်လုပ်တဲ့လုပ်ငန်းတွေအပါအဝင် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပေးနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

လေကြောင်းရက်ဆက်တိုက်ခိုက်ခံနေရတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ လေကြောင်းရန်ကာကွယ်ဖို့အတွက် ဗုံးခိုကျင်းတူးကြဖို့နဲ့ ပြည်သူတွေသုံးတဲ့ စတားလင့်အင်တာနက်ယာယီပိတ်ဖို့အပါအဝင် ကန့်သတ်ချက်တချို့ကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က မတ်လ၃ရက်က ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရေကြည် အမတ ၃၄၄ မှတပ်မိသားစုဝင်များကိုပုသိမ်သို့​ပြောင်း​ရွှေ့ပြီး ​ဒေသခံများကိုမူ မ​ရွေ့​ပြောင်းရန် သတိ​​ပေး