Connect with us

Hi, what are you looking for?

ဗီဒီယို

မန္တလေးမှာညပိုင်း ပစ်ခတ်မှုတွေရှိခဲ့ပေမယ့် ပုံမှန်အတိုင်းသွားလာ၊ ဆန္ဒပြမှုတွေအရှိန်ပိုကောင်းလာ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့ မဟာအောင်မြေမြို့နယ် ၆၂ လမ်း ၃၈ လမ်းနေရာမှာလည်း ပုံမှန်အခြေအနေကိုတွေ့ရပါတယ်။

မန္တလေးမြို့ပေါ်မှာ မနေ့က အောက်တိုဘာလ ၈ ရက် ညပိုင်းက အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပေမယ့် ဒီနေ့မှာတော့ ပုံမှန်အတိုင်းသွားလာနေကြတာတွေ့ရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့ မဟာအောင်မြေမြို့နယ် ၆၂ လမ်း ၃၈ လမ်းနေရာမှာလည်း ပုံမှန်အခြေအနေကိုတွေ့ရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းလှည့်တာမျိုး မတွေ့ရပါဘူး။

စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေနဲ့ ရဲစခန်းရှေ့နေရာတွေမှာ လုံခြုံရေးတွေ ချထားပါတယ်။ မနေ့က ညပိုင်းက ပစ်ခတ်မှုတွေမဖြစ်ခင် ပေါက်ကွဲမှုအချို့ရှိခဲ့ပြီး ပစ်ခတ်မှုဖြစ်စဉ်မှာ ရဲတစ်ဦးသေဆုံးကာ ဒဏ်ရာရသူရှိတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုတွေ၊ ပစ်ခတ်မှုတွေရှိပေမယ့် ဒီနေ့မှာ ပုံမှန်အတိုင်း သွားလာနေကြသလို စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေ အရင်ကထက် များတဲ့လူအင်အားနဲ့ ချီတက်ဆန္ဒပြကြတာတွေ့ရပါတယ်။

စက်မှု သပိတ်စစ်ကြောင်း၊ မန္တလာကျောင်းသူ ကျောင်းသားများသပိတ်စစ်ကြောင်း၊ ဘာသာပေါင်းစုံသပိတ်စစ်ကြောင်း တို့ဟာ မဟာမိတ်လုပ်ကာ စုပေါင်းပြီး ဒီနေ့မှာ ချီတက်ဆန္ဒပြခဲ့ကြတာပါ။

ဒါအပြင် မန္တလေးအမျိုးသမီး ထုသပိတ်စစ်ကြောင်းဟာလည်း တိုက်ရဲလား တိုက်ရဲတယ် ၊သေရဲလား ၊သေရဲတယ် ဆိုတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook