Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ အင်အားစုတွေနဲ့ ဆက်တိုက်တွေ့ဆုံဆွေးနွေးနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ဟာ ဇူလိုင် ၂၁ရက်မှာ မွန်လက်နက်ကိုင်တပ်တွေအပါအဝင် မွန်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့ ဇူလိုင် ၂၆ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်၊ ကျောက်ထုအ‌မြောက်တပ်က သေဆုံး၊ဒဏ်ရာရသူတွေကို စစ်တပ်က ရဟတ်ယာဉ် ၂စီးနဲ့ သယ်ထုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ စစ်မှုထမ်းအပတ်စဥ် (၂၇)အတွက် လူငယ်တွေ အမြန်ပို့ပေးဖို့နဲ့ ပျက်ကွက်ရင်အရေးယူမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ခြိမ်းခြောက်ထားကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုကို စစ်တပ်က ဒီ‌နေ့(နိုဝင်ဘာ ၁၃ရက်) နေ့ခင်းပိုင်းမှာ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ်တစ်ဦးနဲ့ ကျောင်းဆရာမတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုက ဒေသခံအမျိုးသမီး၂ဦးနဲ့ အမျိုးသား၂ဦးကို သတ်ဖြတ်သွားတယ်လို့ ​ဒေသခံ​တွေက​ပြောတယ်။

သတင်း

လားရှိုးမြိို့နားမှာတပ်စွဲထားတဲ့ MNDAAတပ်တွေဆုတ်ပေးဖို့ စစ်အုပ်စုရဲ့အမှတ်(၅)စစ်ဆင် ရေးအထူးအဖွဲ့မှုးကိုယ်တိုင် လားရှိုးမြို့အထိလာရောက်တောင်းဆိုပေမယ့် ငြင်းပယ်ခံရပြီး ဆွေးနွေးမှုပျက်သွားသလို MNDAA ကလည်း အင်အားတိုးချထားတယ်လို့ မြေပြင်သတင်းမြစ်တွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊တီးတိန်မြို့နယ်အတွင်းစစ်ကောင်စီတပ်အင်အားအလုံး အရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် ဒေသခံ ပြည်သူ ၂၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ အပါအဝင် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF CDM Siyin(စီးယင်း) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်တပ်မြို့ ပြင်ဦးလွင်မြို့လယ်နားက ရွှေဆိုင် ဓားပြတိုက်ခံရတဲ့ မနေ့ ( နိုဝင်ဘာလ ၁၂ ရက်) ညမှာတင် မန္တလေးနဲ့ ပြင်ဦးလွင်မှာ စစ်ကောင်စီတပ်က ရှာဖွေစစ်ဆေးတာတွေကိုတင်းကျပ်လိုက်တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

သတင်း

ကျားဖြန့် လို့လူသိများတဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)အဖွဲ့ထဲကပါဝင်လုပ်ကိုင်ကြသူတွေရှိတယ်လို့ DKBA ရဲ့ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှုးချုပ်စောစိန်ဝင်းက ဝန်ခံလိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က မာလဲရွာစာသင် ကျောင်းကို စစ်တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်ပြည်သူငါး ဦး သေဆုံးပြီး ငါး ဦးထပ်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွက ပြောပါတယ်။

သတင်း

နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)က အကြမ်းဖက် စစ်ရာဇဝတ်သား မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ဆုံးဖြတ်ချက်အား ချက်ချင်းချမှတ်ဖို့ လိုအပ်နေပြီလို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က တိုက်နယ်ဆေးရုံကို စစ်ကောင်စီက နိုဝင်ဘာ ၁၁ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သက်သေမှတ်တမ်းတွေပေးပို့ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက တောင်းဆိုချက်ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့မဟာမိတ်ကရင် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA)နဲ့ အဖွဲ့​ခေါင်း​ဆောင် ၄ဦး၊ သူတို့နဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေကို အမေရိကန်အစိုးရက နာမည်ပျက်စာရင်းသွင်း အ​ရေးယူဒဏ်ခတ်လိုက်ပါတယ်။

Facebook