Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်စစ်တပ်စစ်ကြောင်းက ပြည်သူ ၄ဦးကို သတ်ဖြတ်

မကွေးတိုင်း၊ မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုက ဒေသခံအမျိုးသမီး၂ဦးနဲ့ အမျိုးသား၂ဦးကို သတ်ဖြတ်သွားတယ်လို့ ​ဒေသခံ​တွေက​ပြောတယ်။

သတ်ဖြတ်ခံရတဲ့ ဒေသခံတဦးရဲ့ ရုပ်အလောင်းကို တွေ့ရစဥ်/ မီးရှို့ခံရတဲ့အိမ် အချို့။ဓါတ်ပုံ-CJ

နိုဝင်ဘာ-၁၃၊ ၂၀၂၅။​ဇေ​အောင်၊ရှိန်း/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုက ဒေသခံအမျိုးသမီး၂ဦးနဲ့ အမျိုးသား၂ဦးကို သတ်ဖြတ်သွားတယ်လို့ ​ဒေသခံ​တွေက​ပြောတယ်။

မြိုင်မြို့နယ်တောင်ပိုင်း သရက်ကန်ပျူစောထီးရွာကနေ အင်အား ၁၅၀ခန့်ပါ စစ်ကြောင်းဟာ အမှတ်၂ စက်မှုဇုန်ဘက်ကို စစ်ကြောင်းထိုးလာတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ စက်မှုဇုန်ကနေ အရင်က တော်လှန်ရေးတပ်တွေ သိမ်းယူထားတဲ့ ဝက်ပုတ်ပျူစောထီးရွာထဲကို ဝင်ဖို့ကြိုးစားခဲ့တာမှာ တိုက်ပွဲ​တွေ ဖြစ်ပွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလမ်းကြောင်းမှာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ၂ကြိမ်ဖြစ်ပြီး စစ်တပ်က အလောင်းတွေပါသယ်ကာ နိုဝင်ဘာ ၁၂ ရက်​နေ့မနက်ပိုင်းမှာဝက်ပုတ်ရွာထဲကို ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

သရက်ကန်ရွာက ထွက်ချိန် ရွာတန်းရှည်ရွာက​နေပြည်သူ ၅ဦးဖမ်းဆီးခဲ့ပါတယ် ။ဖမ်းဆီးလာခဲ့တဲ့ ပြည်သူတွေထဲက အသက်(၅၀) အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် (၅၂)အရွယ် အမျိုးသားတစ်ဦးကိုဝက်ပုတ်ရွာဘုန်းကြီးကျောင်းနားမှာညှင်းပန်းနှိပ်စက် သတ်ဖြတ်သွားကြောင်း အညာမြေတပ်ပေါင်းစုက တာဝန်ရှိသူ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

“ဓားစာခံတွေ၊ ရှေ့ပြေးတွေ၊ မိုင်းရှင်းတွေကို သတ်သွားတာ။ အရှင်တွေ။ ပါးစပ်တွေ၊ မျက်နှာတွေလှီးပြီးတော့ ဓားနဲ့မွှန်းပြီး သတ်သွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတစ်ဦးကလည်း”လက်ပြန်ကြိုးတုပ်ပြီး ရက်ရက်စက်စက်သတ်ဖြတ်သွားတာ။”လို့ ပြောပါတယ်။ဖမ်းဆီးသတ်ဖြတ်ခံရသူတွေဟာ နိုဝင်ဘာ ၁၁ ရက်က ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး အဲဒီနေ့က နေအိမ် ၂လုံးပါ မီးရှို့ခံလိုက်ရကြောင်း သိရပါတယ်။

အလောင်းတွေကို နိုဝင်ဘာ ၁၂ ရက် မနေ့က ရရှိခဲ့တာ ဖြစ်ပြီး အမျိုးသမီး၂လောင်းနဲ့ အမျိုးသားအလောင်း ၂လောင်း စုစုပေါင်း အလောင်း ၄လောင်းရရှိထားတယ်လို့ သိရပါတယ်။ သတ်ဖြတ်ခဲ့တဲ့ ရုပ်အလောင်းပုံတွေကို People’s Spring ရဲ့ တယ်လီဂရန်ချန်နယ်(https://t.me/PeopleSpring/90494 )မှာ ကြည့်ရှုနိုင်ပါတယ်။

အဲဒီစစ်တပ်စစ်ကြောင်းဟာ ဒီကနေ့ (နိုဝင်ဘာ ၁၃ရက်) နေ့လယ်ပိုင်းအထိ စက်မှု (၂)မှာ ရှိနေပြီး အနီးတဝိုက်က ပြည်သူတွေ သတိနဲ့နေထိုင်ကြဖို့ We Love Myaingက သတိပေးထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ