နိုဝင်ဘာ – ၁၃၊၂၀၂၅၊မေ/ People’s Spring
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က မာလဲရွာစာသင် ကျောင်းကို စစ်တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်ပြည်သူငါး ဦး သေဆုံးပြီး ငါး ဦးထပ်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွက ပြောပါတယ်။
နိုဝင်ဘာ ၁၂ ရက် မနေ့က ညနေ ၅ နာရီမှာ တံတားဦးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မာလဲရွာ စာသင်ကျောင်းပေါ်ကို ဗုံးကြဲချခဲ့တာ ဖြစ်ပြီး မတ္တရာမြို့နယ်အရှေ့ခြမ်းက တိုက်ပွဲတွေ ကြောင့် စစ်ဘေးလာရှောင်နေကြတဲ့ ပြည်သူတွေ နေထိုင်တယ်လို့ သိရပါတယ်။

Public Service Announcement
” သေတဲ့အထဲက လေး၊အမျိုးသမီး၊အမျိုးသားအစုံပဲ။ဒဏ်ရာရပြင်းထန်တဲ့ သူတွေလည်း ရှိတယ်။အကုန် စဉ့်ကူးမြို့နယ်ထဲပဲ စစ်ရှောင်နေကြတော့ ဒီစာသင် ကျောင်း တွေကိုပဲ စစ်တပ်က လိုက်ကြဲနေတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်တပ်က ပြန်လည်သိမ်းယူနေပြီး မြောက်ဘက်ခြမ်းအထိ စစ်ကြောင်းတွေထိုးလာတာကြောင့် ဒေသခံ သိန်းနဲ့ချီပြီး တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ပြည်သူတွေတိမ်းရှောင်နေတဲ့ဘက်ကို စစ်တပ် လေကြောင်းတိုက်ခိုက်တာတွေဆက်တိုက် ပြုလုပ်နေပြီး နိုဝင်ဘာ ၇ရက်ကလည်း ရွှေပြည်နဲ့ ညောင်ကုန်းကျေးရွာကို စာသင်ကျောင်းတွေကိုလေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၄ ဦး သေဆုံးခဲ့ပါ သေးတယ်။


















































