Hi, what are you looking for?
စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ အင်အားစုတွေနဲ့ ဆက်တိုက်တွေ့ဆုံဆွေးနွေးနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ဟာ ဇူလိုင် ၂၁ရက်မှာ မွန်လက်နက်ကိုင်တပ်တွေအပါအဝင် မွန်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့ ဇူလိုင် ၂၆ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
စစ်တပ်ရဲ့ အမှတ်(၁၆) ကာကွယ်ရေးပစ္စည်းထုတ်လုပ်စက်ရုံ(ကပစ-၁၆)အနီးတိုက်ပွဲပြင်းထန်နေပြီး နတ်ရေကန်ဗျူဟာကိုလည်း ပိတ်ဆို့တိုက်ခိုက်နေကာ တိုက်ပွဲများအတွင်း စစ်သားအများအပြား ကစဉ့်ကလျား ထွက်ပြေးနေကာ လက်နက်ချသူတွေလည်းရှိနေတယ်လို့ အာရက္ခတပ်တော်(AA)က ယနေ့ညမှာသတင်းထုတ်ပြန်ပါတယ်။ ကပစ ၁၆ ဟာစစ်တပ်ရဲ့ ယမ်းတွေ ချက်လုပ်တဲ့ စက်ရုံဖြစ်ပါတယ်။