သတင်း ရန်ကုန်မှာ အစိုးရဝန်ထမ်းတွေ မဲမပေးပါက ထောင် (၃) လ ချမယ်လို့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နေ ရန်ကုန်မြို့ရှိ အစိုးရဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို လာရောက်မဲမပေးပါက ထောင် (၃) လအထိ ချမယ်လို့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နေကြောင်း ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 24, 2025
သတင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေစုပေါင်းပြီး စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်တဲ့လှုပ်ရှားမှုပြုလုပ် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(KPLA)၊ ဗဟိုစစ်ဦးစီးတပ်၊ အမှတ်(၆၂၆) တပ်ရင်းက ထုတ်ပြန်ပါတယ်။ ludunwayooဒီဇင်ဘာ 23, 2025
သတင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဥ်းတွေ လွှတ်ပေးရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး စစ်ကိုင်းနဲ့ ပဲခူးတိုင်းမှာ ဆန္ဒပြ စစ်ကိုင်းနဲ့ ပဲခူးတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (ဒီဇင်ဘာ ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။ ludunwayooဒီဇင်ဘာ 23, 2025
သတင်း စစ်တပ်ရွေးကောက်ပွဲ ပိုမိုအကြမ်းဖက်မှုဆီ တွန်းပို့မယ်လို့ ဗြိတိန် သတိပေး ကုလလုံခြုံရေးကောင်စီအစီအစဥ်တွေထဲမှာ မြန်မာ့အရေးကို ဆက်လက်ထားရှိမယ် ludunwayooဒီဇင်ဘာ 23, 2025
သတင်း ကောလင်းနယ် စစ်တပ်လေကြောင်းတိုက်ခိုက်မှု ကလေးမိခင်တစ်ဦး နှလုံးရပ်သေဆုံး၊ ပြည်သူ ၆ ဦးထက်မနည်း ဒဏ်ရာရ စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့နေရာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဗုံးခိုကျင်းအတွင်းပုန်းအောင်းနေတဲ့ ကလေးမိခင်တစ်ဦး နှလုံးရပ်သေဆုံးပြီး ပြည်သူ ၆ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ludunwayooဒီဇင်ဘာ 23, 2025
သတင်း ရုံးစည်ကြီးတိုက်နယ်ရဲစခန်း တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်၊ နှစ်ဖက်ထိခိုက်မှုရှိ မန္တလေးတိုင်း၊ တောင်သာမြို့နယ်က စစ်ကောင်စီရဲ့ ရုံးစည်ကြီးတိုက်နယ်ရဲစခန်း စီးနင်းတိုက်ခိုက်မှုမှာ ဘန်ကာတွေသိမ်းနိုင်ခဲ့ပြီး စစ်အုပ်စုသေဆုံးမှုရှိတယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။ ludunwayooဒီဇင်ဘာ 23, 2025
သတင်း ယင်းမာပင်က မီးရှို့ခံရတဲ့ ကျေးရွာ ၇ ရွာက ပြည်သူတွေ အကူအညီလိုအပ်နေ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က မီးရှို့ခံရတဲ့ ကျေးရွာ ၇ရွာက နေအိမ် ၂၃၀ ကျော်က ပြည်သူတွေ အကူအညီတွေ လိုအပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 23, 2025
သတင်း ရွှေဘိုပေါ်ဆန်းစပါးစိုက်တောင်သူတွေအရှုံးပေါ်နေ စစ်ရေးပြင်းထန်တဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပေါ်ဆန်းမွှေး (ရာသီအခါဘေးကြား)စပါးရိတ်သိမ်းပြီးချိန်မှာ အဝယ်ရှိပေမယ့် အထွက်နည်းသလို စျေးမကောင်းတာကြောင့် အရှုံးပေါ်နေတယ်လို့ ဒေသတောင်သူတွေကပြောပါတယ်။ ludunwayooဒီဇင်ဘာ 23, 2025
သတင်း ပေါက်နဲ့ မြိုင်အစပ်က ရေနံမှော်ဒေသတွေကို စစ်ကောင်စီ ဗုံးကြဲနေ မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်က ဒေသတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူအချို့ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 23, 2025
သတင်း တော်လှန်ရေးမျက်နှာမူပြီး စစ်အာဏာရှင်ကို ပြတ်ပြတ်သားသားတိုက်ဖို့ PDF အမှတ်(၂) စစ်ဆင်ရေးမှူးပြော ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေ အနေနဲ့ အမိန့်နာခံ၊ ကျင့်ဝတ်၊ စည်းကမ်းလိုက်နာပြီး ရန်သူစစ်ကောင်စီကို ပြတ်သားစွာ တိုက်ခိုက်ကြဖို့ PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပြောကြားလိုက်ပါတယ်။ ludunwayooဒီဇင်ဘာ 23, 2025