Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးမျက်နှာမူပြီး စစ်အာဏာရှင်ကို ပြတ်ပြတ်သားသားတိုက်ဖို့ PDF အမှတ်(၂) စစ်ဆင်ရေးမှူးပြော

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေ အနေနဲ့ အမိန့်နာခံ၊ ကျင့်ဝတ်၊ စည်းကမ်းလိုက်နာပြီး ရန်သူစစ်ကောင်စီကို ပြတ်သားစွာ တိုက်ခိုက်ကြဖို့ PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပြောကြားလိုက်ပါတယ်။

PDFအမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦး။ ဓာတ်ပုံ - MOD

ဒီဇင်ဘာ-၂၂၊၂၀၂၅။ ဆန်အောင်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေ အနေနဲ့ အမိန့်နာခံ၊ ကျင့်ဝတ်၊ စည်းကမ်းလိုက်နာပြီး ရန်သူစစ်ကောင်စီကို ပြတ်သားစွာ တိုက်ခိုက်ကြဖို့ PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပြောကြားလိုက်ပါတယ်။

ပဲခူးတိုင်း သာယာ၀တီခရိုင်မှာဒီဇင်ဘာ၂၁ရက်က ကျင်းပတဲ့ ပဲခူးတိုင်းစစ်ဌာန ဗျူဟာ (၂၂)ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ရဲဘော်တင်ဦးက သဝဏ်လွှာပေးပို့ပြီး အခုလို ပြောကြားခဲ့တာပါ။

အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန အနေနဲ့ အရေးပါတဲ့ စစ်ဆင်ရေးတွေမှာ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်တာဟာ ရဲဘော်တွေရဲ့ စွမ်းဆောင်မှုက အဓိက ကျကြောင်း စစ်ဆင်ရေးမှူးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ရဲဘော်တို့ကို လေးလေးနက်နက်မှာကြားချင်တာကတော့ COC နှစ်ရပ်ကို တိတိကျကျ လိုက်နာကြဖို့ပဲ ဖြစ်ပါတယ်။ ပထမ COC ဖြစ်တဲ့ Chain Of Command အဆင့်ဆင့်သောကွပ်ကဲမှု အမိန့်နာခံမှုကို လေးလေးစားစား လိုက်နာကြပါ။ ဒုတိယ COC ဖြစ်တဲ့ Code of Conduct ဖြစ်တဲ့ ငါတို့ လိုက်နာစောင့်ထိန်းရမဲ့ ကျင့်ဝတ်စည်းမျဉ်းစည်းကမ်းတွေကိုလေးလေးစားစားလိုက်နာ စောင့်ထိန်းကြပါ။ အထူးသဖြင့် အပြန်အလှန်လေးစားမှုနဲ့ စည်းလုံးညီညွတ်ရေးကအရေးကြီးတယ်။ တော်လှန်ရေးကို မျက်နှာမူပြီး ငါတို့အချင်းချင်းညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်ကို တိုက်ကြရမယ်”လို့ ရဲဘော်တင်ဦးက ပြောပါတယ်။

အခု သင်တန်းက ပို့ချလိုက်တဲ့ စစ်ပညာရပ်တွေကို အကျိုးရှိရှိ လက်တွေ့အသုံးချဖို့ မှာကြားပါတယ်။

“ပြည်သူလူထုနဲ့ ကိုယ့်ရဲဘော်ရဲဘက်တွေအပေါ်မှာ ညီရင်းအကို မောင်ရင်းနှမ စိတ်ဓာတ် မွေးမြူကျင့်သုံးကြဖို့ မှာကြားလိုပါတယ်။ရဲဘော်တို့အားလုံးရဲ့ လုံလ၊ ဝီရိယ၊ ဉာဏ်ပညာအစွမ်းကြောင့် ဘေးကင်းရန်ကွာပြီး ရန်သူအကြမ်းဖက်စစ်တပ်ကို တိုက်တိုင်း အောင်နိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်”လို့လည်း ရဲဘော်တင်ဦးရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အခုကျင်းပတဲ့ စစ်ဆင်တန်းဆင်းပွဲကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကလည်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

သင်တန်းဆင်းရဲဘော်တွေအနေနဲ့ တော်လှန်ရေး စစ်သားတယောက် ကျင့်သုံးရမယ့် စည်းကမ်းလိုက်နာမှု၊ ကျင့်ဝတ်စောင့်ထိန်းမှု၊ တပ်ဖွဲ့နဲ့ တော်လှန်ရေးအပေါ် သစ္စာရှိမှု တို့ကို စံနမူနာပြသကာ လူထုအသိအမှတ်ပြုလေးစားချစ်ခင်ရတဲ့ရဲဘော်ကောင်းတွေအဖြစ် ရပ်တည်သွားနိုင်ပါစေလို့ BPLA ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

Facebook