Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ အစိုးရဝန်ထမ်းတွေ မဲမပေးပါက ထောင် (၃) လ ချမယ်လို့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နေ

ရန်ကုန်မြို့ရှိ အစိုးရဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို လာရောက်မဲမပေးပါက ထောင် (၃) လအထိ ချမယ်လို့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နေကြောင်း ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ရွေးကောက်ပွဲ ပြုလုပ်ရန် ပြင်ဆင်နေတဲ့ စစ်ကောင်စီအဖွဲ့ဝင်များ

ဒီဇင်ဘာ-၂၃၊၂၀၂၅။ သုည/People’s Spring

ရန်ကုန်မြို့ရှိ အစိုးရဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို လာရောက်မဲမပေးပါက ထောင် (၃) လအထိ ချမယ်လို့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နေကြောင်း ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့ရှိ အစိုးရဆေးရုံတစ်ခုမှာ ဆေးရုံအုပ်ကြီးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အစည်းအဝေးပုံစံ ပြုလုပ်ခဲ့ပြီး ဝန်ထမ်းအိမ်ရာအတွင်း နေထိုင်တဲ့ အစိုးရဝန်ထမ်းအားလုံးအား ရွေးကောက်ပွဲကို မဖြစ်မနေ လာရောက်မဲပေးဖို့နဲ့ မဲမပေးပါက ထောင် (၃) အထိ ကျခံရမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

“ကျွန်တော်တို့နေတဲ့ ဝန်ထမ်းအိမ်ရာထဲက ဓမ္မာရုံမှာ လူစုပြီးတော့ ဆေးရုံအုပ်ကြီးနဲ့ အုပ်ကြီးတွေက ပြောသွားတာပါ။ ဒီလာမယ့် စစ်တပ်ရွေးကောက်ပွဲကို မဲလာပေးဖို့နဲ့ မဲမပေးရင် ဝန်ထမ်းအိမ်ရာက မောင်းထုတ်မယ်ရော၊ ထောင် (၃) လ ချမယ်ရော စုံနေအောင် ခြိမ်းခြောက်သွားတာပါ။ ဝန်ထမ်းအိမ်ရာ ဆိုတော့ ဝန်ထမ်းစာရင်း အတိအကျကလည်း ဆေးရုံအုပ်ကြီးဆီမှာ ရှိနေပါတယ်။ မဖြစ်မနေ ပေးရမယ် ဆိုတော့လည်း နံခြားထောက်ပြီး တခုခုရွေးရင်ရွေး မရွေးရင် ပယ်မဲ ဖြစ်အောင် တွေ့ရာ အကုန် လျှောက်ခြစ်ဖို့ စဉ်းစားထားပါတယ်” လို့ ၎င်းက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ရန်ကုန်မြို့မှာ ရွေးကောက်ပွဲနီးချိန် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်နေတဲ့အတွက် မဲရုံတာဝန်ကျသူတွေ စိုးရိမ်နေကြောင်းလည်း ဒေသခံပြည်သူတစ်ဦးက ဆိုပါတယ်။

“ဒီရက်ပိုင်း ရန်ကုန်မှာ ဗုံးပေါက်တယ် ကြားလို့ မဲရုံစောင့်ရမယ့် အုပ်ကြီးတွေ လန့်နေကြတယ်။ အခု သူတို့အစား ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကိုပဲ အစားထိုးပြီး သွားစောင့်ခိုင်းဖို့ အုပ်ကြီးအချို့ ကြံစည်နေပါတယ်” လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ ပြုလုပ်မှာ ဖြစ်ပီး ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးရုံးတို့မှာ အပြီးသတ်မဲစာရင်း ကပ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

စစ်အာဏာရှင်သက်ဆိုးရှည်စေမယ့် ရွေးကောက်ပွဲကို ပြည်သူတွေ မဲမပေးကြဖို့နဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ ဟန်ပြရွေးကောက်ပွဲသာ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။