Connect with us

Hi, what are you looking for?

သတင်း

ရုံးစည်ကြီးတိုက်နယ်ရဲစခန်း တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်၊ နှစ်ဖက်ထိခိုက်မှုရှိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က စစ်ကောင်စီရဲ့ ရုံးစည်ကြီးတိုက်နယ်ရဲစခန်း စီးနင်းတိုက်ခိုက်မှုမှာ ဘန်ကာတွေသိမ်းနိုင်ခဲ့ပြီး စစ်အုပ်စုသေဆုံးမှုရှိတယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

မြင်းခြံခရိုင် တပ်ရင်း(၃)မှ တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - MDA-3

ဒီဇင်ဘာ-၂၂၊၂၀၂၅။မိုမို/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က စစ်ကောင်စီရဲ့ ရုံးစည်ကြီးတိုက်နယ်ရဲစခန်း စီးနင်းတိုက်ခိုက်မှုမှာ ဘန်ကာတွေသိမ်းနိုင်ခဲ့ပြီး စစ်အုပ်စုသေဆုံးမှုရှိတယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

တောင်သာမြို့ရဲ့ အရှေ့ဘက်ခြမ်းက စစ်ကောင်စီတပ် အင်အား ၆၀ခန့်ရှိတဲ့ ရုံးစည်ကြီးတိုက်နယ်ရဲစခန်းကို မနေ့က(ဒီဇင်ဘာ ၂၁ရက်) မနက် ၅နာရီခွဲက စီးနင်းခဲ့တာလို့ ဆိုပါတယ်။

“စခန်းသိမ်းနိုင်တဲ့ အနေအထားအထိရောက်ခဲ့တယ်။စခန်းအပေါက်ဝက ဘန်ကာတွေဆို ကျွန်တော်တို့ဗုံးသီးတွေထည့်ပြီး ရှင်းခဲ့တယ်။နောက်ဘန်ကာတစ်ခုဆို သေနတ်ပြောင်းထည့်ပြီးတစ်ဘောက်လုံးအပြည့်ဆွဲခဲ့တဲ့အနေအထားရှိခဲ့တာ။အဲဒီမှာ ကိုယ့်ရဲဘော်တစ်ယောက် ထိတယ်။နောက်ရဲဘော်လေးယောက် ဒဏ်ရာရတာရော လေကြောင်းကနေပါ ဂျက်ဖိုက်တာ၊ပါရာမော်တာလေးစီးနဲ့ လာလို့ ကျွန်တော်တို့ ပြန်ဆုတ်ခဲ့ရတာ”လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း တာဝန်ရှိသူက တိုက်ပွဲ ဖြစ်စဥ်ကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ စစ်အသုံးအဆောင်ပစ္စည်းနဲ့ ခဲယမ်းတချို့ပဲ သိမ်းနိုင်ခဲ့တယ်လို့သူက အသိပေးပါတယ်။

ဒါပေမယ့် တိုက်ပွဲအတွင်း မျက်မြင်တွေ့ရှိမှုတွေအရ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး လေးဦးထက်မနည်းဒဏ်ရာရတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းက ရဲဘော်တစ်ဦးကျဆုံးပြီး ရဲဘော်လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်က တောင်သာမြို့နယ်မှာ မိတ္ထီလာအခြေစိုက်တပ်မ(၉၉) လက်အောက်ခံတပ်ရင်းတွေအပါအဝင် စစ်မှုထမ်းအင်အားတွေအသုံးပြုပြီး စစ်ကြောင်းထိုးနေတာရှိပါတယ်။

“တောင်သာ မြို့နယ်တစ်ခုလုံးအရ ဆိုရင် စကစဘက်က အင်အား ၆၀၀ နဲ့အထက် ရှိနေတယ်”လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အခု ဒီဇင်ဘာ ၂ ရက်က တောင်သာမြို့နယ်တောင်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုရှိတယ်လို့ သိရပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေအတွက် ခုခံဖို့နဲ့ တန်ပြန်ထိုးစစ်ဆင်ဖို့အတွက် ခဲယမ်း၊ကျည် ဖြည့်တင်းနိုင်ရေးကူညီကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်လာပြီးနောက် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှားလို့ သော​င်တင်နေတဲ့ ရေယာဥ်တွေကို ဒေသတွေတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။