သတင်း မိုးမိတ်မြို့အနီး တိုက်ပွဲဖြစ်နေ မိုးမိတ်မြို့နယ်ထဲမှာ ဒီနေ့ ဒီဇင်ဘာ ၂၄ရက်မနက်ကစပြီး PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်နေပါတယ်။ ludunwayooဒီဇင်ဘာ 25, 2025
သတင်း သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကို တော်လှန်ရေးအဖွဲ့တွေ လက်နက်ကြီးတွေ ပစ်ခတ် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ အခြေစိုက် ခမရ(၂၀၇)တပ်ရင်းနဲ့ အမြောက်တပ် (၃၁၀)တပ်အတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပဲခူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ (ဒီဇင်ဘာ ၂၄ရက်)မှာ ထုတ်ပြန်ပါတယ်။ ludunwayooဒီဇင်ဘာ 25, 2025
သတင်း ပခုက္ကူမှာ ရွေးကောက်ပွဲအတွက် စစ်တပ်က လုံခြုံရေးတိုးမြှင့် မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှာ စစ်ကောင်စီတပ်က ရွေးကောက်ပွဲအတွက် မြို့အဝင်၊မြို့အထွက် လုံခြုံရေး တိုးမြှင့်ထားကြောင်း မြို့ခံတွေက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 25, 2025
သတင်း မိုးကုတ်တိုက်ပွဲ စစ်တပ် တပ်စွဲရာနေရာ ၂ခုကို PDF ပူးပေါင်းတပ် ထပ်မံသိမ်းပိုက် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်း စစ် ကောင်စီတပ်နဲ့ တိုက်ပွဲကြီးငယ် ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စွဲရာ နေရာ ၂နေရာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ludunwayooဒီဇင်ဘာ 25, 2025
သတင်း ရန်လိုမှု၊ အကြောက်တရားနဲ့ ဖိနှိပ်မှုတွေကြားမှာ ကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ UN သတိပေး မြန်မာစစ်တပ်ဟာ အကြောက်တရား၊ ရန်လို အကြမ်းဖက်မှု၊ ဖိနှိပ်မှုတွေ ထူပြောနေတဲ့ အခြေအနေတစ်ခုမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတယ်လို့ ကုလသမဂ္ဂ(UN)က ဒီဇင်ဘာ ၂၃ရက် မနေ့က သတိပေး ပြောကြားခဲ့ပါတယ်။ ludunwayooဒီဇင်ဘာ 25, 2025
သတင်း ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းရန်ဆန္ဒပြ စစ်တပ်က စီမံကိန်းတွေဆန့်ကျင်ရင်အရေးယူမယ်ခြိမ်းခြောက်ပြီး ပထမဆုံးမြစ်ဆုံစီမံကိန်းဆန္ဒပြပွဲဖြစ်လာ ludunwayooဒီဇင်ဘာ 25, 2025
သတင်း တနင်္သာရီတိုင်းမှာ စစ်ရှိန်မြှင့်ဖို့ ရဲဘော်သစ်တွေ ပါဝင်နိုင်ကြောင်း FFDဖိတ်ခေါ် တနင်္သာရီတိုင်းအပါအဝင် စစ်ဒေသအနှံ့အပြားမှာ စစ်ရေးဖော်ဆောင်မှုအရှိန်မြှင့်တင်ဖို့အတွက် ရဲဘော်သစ်တွေ စတင်ခေါ်ယူနေပြီဖြစ်ကြောင်း Force for Federal Democracy - FFD က ဒီကနေ့ ဒီဇင်ဘာ ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။ ludunwayooဒီဇင်ဘာ 25, 2025
သတင်း ပုဂံ၊ညောင်ဦးမှာ ဧည့်သည်နှစ်ဦး ထပ်မံပျောက်ဆုံးနေ ရှေးဟောင်းမြို့တော် ပုဂံ၊ညောင်ဦးမြို့ကို အလည်လာတဲ့ ဧည့်သည်ဇနီးမောင်နှံနှစ်ဦး ပျောက်ဆုံးနေကြောင်း နီးစပ်သူတွေက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 25, 2025
သတင်း နိုင်ငံအရှေ့ပိုင်းက မြို့တစ်မြို့ကို ယူကရိန်း လက်လွှတ်လိုက်ရ နိုင်ငံအရှေ့ပိုင်းက တိုက်ပွဲတွေ ပြင်းထန်နေရာ မြို့တစ်မြို့ကနေ ယူကရိန်းတပ်တွေ ဆုတ်ခွာခဲ့ရကြောင်း သိရပါတယ်။ ludunwayooဒီဇင်ဘာ 25, 2025
သတင်း စစ်ကောင်စီတပ်သား ၃ဦး KNLA တပ်ရင်း(၈)ထံ ထပ်မံ အလင်းဝင် အာဏာသိမ်းစစ်ကောင်စီ အဓမ္မစစ်သားစုဆောင်းထားတဲ့ တပ်သား ၃ဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်ရင်း(၈)ထံ အလင်းဝင်ဘက်ပြောင်းလာကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU) က ထုတ်ပြန်ပါတယ်။ ludunwayooဒီဇင်ဘာ 25, 2025