Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်က မီးရှို့ခံရတဲ့ ကျေးရွာ ၇ ရွာက ပြည်သူတွေ အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က မီးရှို့ခံရတဲ့ ကျေးရွာ ၇ရွာက နေအိမ် ၂၃၀ ကျော်က ပြည်သူတွေ အကူအညီတွေ လိုအပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

မီးရှို့ခံရသော ကျေးရွာများမှ နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Pyae Aung Naing/ ကနီ

ဒီဇင်ဘာ-၂၂၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က မီးရှို့ခံရတဲ့ ကျေးရွာ ၇ရွာက နေအိမ် ၂၃၀ ကျော်က ပြည်သူတွေ အကူအညီတွေ လိုအပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ရက် မနက်ပိုင်းကစပြီး ယင်းမာပင်နဲ့ ကနီမြို့နယ်စပ် ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ၃ရက်အတွင်း ယင်းမာပင်မြို့နယ်၊ ကျောက်မှော်အုပ်စုက ကျေးရွာ ၇ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကျောက်မှော်ရွာက ၂၇ အိမ်၊ ကျောက်ကုန်းရွာက ၆၅ အိမ်၊ နှောပင်ရွာက ၃၆ အိမ်၊ ကျွန်းပေါ်ရွာက ၃၄ အိမ်၊ အင်းဘက်ရွာက ၄၉ အိမ်၊ ကြက်လျှာရွာက ၁၆ အိမ်နဲ့ ပတိန်ပြင်ကျေးရွာက ၂ အိမ် စုစုပေါင်း ၂၂၉ အိမ် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီး အကူအညီတွေ လိုအပ်နေကြောင်း သတင်းနှင့် ပြန်ကြားရေး(ကနီမြို့နယ်)အဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ မီးရှို့ခံရတဲ့ ပြည်သူတွေက အခုမိုးကာတဲလေးတွေထိုးနေကြတယ်။တချို့ကြတော့ နီးစပ်ရာရွာက ဆွေးမျိုးသားချင်း‌တွေဆီမှာနေကြတယ်။လိုအပ်တာကတော့ အဝတ်အစား၊စောင်၊အိုးခွက်ပန်းကန်ပေါ့။ စောင်ကတော့ အတော်လိုမယ်” လို့ သတင်းနှင့် ပြန်ကြားရေး(ကနီမြို့နယ်)အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မီးမရှို့ခင် နေအိမ်တွေက ပစ္စည်းတွေ သယ်ထုတ်ပြီးမှ မီးရှို့သွားတာဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။

မီးဘေးသင့်ပြည်သူတွေကို တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီလှူဒါန်း‌ပေးဖို့ သတင်းနှင့် ပြန်ကြားရေး(ကနီမြို့နယ်)က မေတ္တာရပ်ခံထားပါတယ်။

မီးရှို့ခံရတဲ့ရွာတွေအပြင် စုစုပေါင်း ကျေးရွာ ၁၀ ရွာခန့် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာလိုအပ်မှုတွေ ရှိနေတယ်လို့ ကူညီနေသူတွေဆီက သိရပါတယ်။

မီးရှို့သွားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ယင်းမာပင်မြို့နယ် ရွှေတောင်းဦးကုန်းက စစ်ကောင်စီတပ်ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ် သေဆုံးမှုရှိကာ တော်လှန်ရေးရဲဘော် ၂ ဦးလည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ မေလ ၁ ရက်ကနေ ၂၀၂၅ မေလ ၃၁ရက်အထိ စစ်တပ်အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားနေအိမ်ပေါင်း ၁၁၆၈၉၇ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က နိုဝင်ဘာ ၂၃ ရက်က ထုတ်ပြန်ထားပါတယ်။

မီးရှို့ခံရတဲ့ နေအိမ်တစ်သိန်းကျော်မှာ စစ်ကိုင်းတိုင်းက နေအိမ်ပေါင်း ၇၆၉၉၀ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရလို့ တစ်နိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရတဲ့ အရပ်သား နေအိမ်စုစုပေါင်းရဲ့ ၆၅ ရာခိုင်နှုန်းကျော်ရှိကြောင်း Data for Myanmar အဖွဲ့က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်က သေဆုံးမှုများတယ်လို့ ယင်းမာပင်ခရိုင် ဗျုဟာအမှတ် (၄၇)တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်တပ်က ၃ရက်အတွင်း ကျေးရွာ ၈ရွာကို မီးရှို့ဖျက်ဆီးခဲ့လို့ ဒေသခံ ပြည်သူထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ကျေးရွာနှစ်ရွာနဲ့ တော်လှန်ရေးစခန်း မီးရှို့ပြီးပြန်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃ဦးသေဆုံးကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်းယင်းမာပင် နဲ့ ကနီမြို့ကိုအာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဒီဇင်ဘာ ၁၅ ရက်မှာ ဗုံးကြဲခဲ့တာ​ကြောင့်ဒေသခံ ပြည်သူ ၇ဦးသေဆုံးခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။