Connect with us

Hi, what are you looking for?

သတင်း

ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေစုပေါင်းပြီး စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်တဲ့လှုပ်ရှားမှုပြုလုပ်

ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(KPLA)၊ ဗဟိုစစ်ဦးစီးတပ်၊ အမှတ်(၆၂၆) တပ်ရင်းက ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - KPLA

ဒီဇင်ဘာ-၂၃၊၂၀၂၅။ဇော်ဝင်း/People’s Spring

ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(KPLA)၊ ဗဟိုစစ်ဦးစီးတပ်၊ အမှတ်(၆၂၆) တပ်ရင်းက ထုတ်ပြန်ပါတယ်။

ဒီကနေ့ (ဒီဇင်ဘာ ၂၃ရက်) ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်မှုလုပ်ခဲ့တာလို့ အသိပေးပါတယ်။

လှုပ်ရှားမှုမှာ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၊ ရှမ်း-ကယားစစ်တိုင်း တပ်ရင်းအမှတ်(၁၁၀၉)၊ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုမြို့နယ်(DMO Local PDF)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နဲ့ ကယန်းအမျိုးသားတပ်မတော်(KNA)တို့ ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ဒီလို လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် ကရင်နီမှာရှိတဲ့တပ်တွေ စည်းလုံးခြင်းရှိကြောင်းပြသနေတဲ့သက်သေပါပဲစည်းလုံးညီညွတ်စွာနဲ့ အကြမ်းဖက် စကမကို ဆက်လက်တွန်းလှန်သွားမယ်”လို့ အမှတ်(၆၂၆) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

သက်ဆိုင်ရာ တပ်ရင်းတာဝန်ခံတွေက ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ကြွေးကြော်မှုနဲ့ သရုပ်ပြမှတ်တမ်းတွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့လည်း စစ်တပ်ပြုလုပ်မယ့် ရွေး ကောက်ပွဲကို ရရာနည်းမျိုးစုံနဲ့ ဆန့်ကျင်ကြဖို့ ကရင်နီပူးပေါင်းတပ်တွေက တိုက်တွန်းပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်သမျှအကြောင်းအရာ၊ပတ်သက်သူမှန်သမျှကိုလည်း လူထုသစ္စာဖောက်အဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်သွားမယ်လို့ သတိပေးပါတယ်။

ကရင်နီပြည်နယ် လွိုင်ကော်၊ ဘောလခဲ ၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

အဲဒီမြို့နယ်တွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ(တစည)ပါတီနဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မှတ်ပုံတင်ထားတဲ့ ကယားပြည်နယ်ပြည်သူ့ပါတီ KySPPက ကိုယ်စားလှယ် ၈၇ ဦး ဝင်ပြိုင်မှာဖြစ်ပါတယ်။

ကရင်နီပြည်လူထုအနေနဲ့ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပက်သတ်ပြီး မဲရုံနဲ့ မဲရုံအနီးအနားပတ်ဝန်းကျင်တွေမှာ နေထိုင်တာ၊ သွားလာတာမလုပ်ဖို့ ကရင်နီပြည်တပ်မတော်(KA)က သတိပေး ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၉ရက်ကစပြီး ဇန်နဝါရီ ၅ရက်အထိ ကရင်နီပြည်နယ်မှာ အရေးကြီးကာလအဖြစ် KAက သတ်မှတ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။