Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုရဲ့အလုပ်သမားဝန်ကြီး မင်းကင်းမောင်မြင့်က ပြည်ပရောက်အလုပ်သမားကူညီ​စောင့်​ရှောက်​ရေးဆိုတဲ့ခေါင်းစဥ်နဲ့​နေပြည်​တော်မှာ အစည်းအ​ဝေးလုပ်ပြီး ပြည်ပ​ရောက်အလုပ်သမားတွေ မိသားစုထံငွေပြန်လွှဲရေး အတွက် အေဂျင်စီတွေကိုတာဝန်ယူကြပ်မတ်ဖို့ ဖိအားပေး​နေပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကျေးရွာတစ်ရွာမှာ ​သပိတ်အင်အားစုတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲ ဒီကနေ့ (အောက်တိုဘာ ၁၀) ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ချင်းပြည်ကောင်စီ ဦးဆောင်အဖွဲ့ ပုံမှန်အစည်းအဝေးကို ကောင်စီရုံးစိုက်ရာ ချင်းလုံမြို့မှာ ကျင်းပခဲ့ပြီး စစ်ရေး နဲ့ နိုင်ငံရေးအခြေအနေတွေကို သုံးသပ်ဆွေးနွေးခဲ့ဟု ချင်းပြည်ကောင်စီက အသိပေးပါတယ်။

သတင်း

မုံရွာအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား ၁၀ဦး ရိုက်နှက်နှိပ်စက်ခံရပြီး ၅ ဦးဟာ တိုက်ပိတ်ခံထားရကြောင်း နွေဦးနိုင်ငံရေးအကျဉ်းသားများအစည်းအရုံးက ဒီကနေ့ အောက်တိုဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

■“စာသင်ကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တဲ့ နောက်ပိုင်း ၁၅ မိနစ်အကြာမှာစကစဒရုန်းနဲ့လည်း နောက်ထပ်တခါ ဗုံးလာကြဲတာဖြစ်တယ်”-​ဒေသခံ အောက်တိုဘာ-၁၃၊၂၀၂၅။ထားမြတ်/People’s Spring ချင်းပြည်နယ် ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီက​​နေ့မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းအနီးကျရောက်ပေါက်ကွဲပြီး ကလေးငယ်တွေသေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။ အောက်တိုဘာ ၁၃ ရက်မနက်...

သတင်း

ဘိန်းဖြူမှောင်ခို တင်သွင်းတဲ့ မြန်မာနိုင်ငံသား နှစ်ဦးကိုဖမ်းဆီးရမိခဲ့ကြောင်းအိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်၊ စစ်တောင်းမြစ်ကမ်းဘေးက ကျေးရွာတွေကိုစစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်မြို့ကို ဒီနေ့အောက်တိုဘာ ၁၃ရက်နေ့ မွန်လွဲပိုင်း ၁နာရီခန့်မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်သွားပါတယ်။။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ပေါ်မှာ ကင်းလှည့်ကားပေါ် ဗုံးပစ်တိုက်ခိုက်ခံရပြီး ရဲအချို့ ထိခိုက်မှုရှိကြောင်း သတင်းရရှိပါတယ်။

သတင်း

ရှမ်းမြောက်က ကျောက်မဲ မြို့နယ်အတွင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကင်းစခန်းအချို့ကို စစ်ကောင်စီတပ်က ဖယ်ခိုင်းရာမှအစပြုပြီး နှစ်ဖက်အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှမ်းသတင်းရင်းမြစ်တဦးက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ မလန်းကျေးရွာအနီး ကျောက်စိမ်းတောင်ရွာသစ်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်းတပ်သားတွေ ထိခိုက်သေဆုံးမှုများပြီး စနိုက်ဘာသမားတစ်ဦးအပါအဝင် နှစ်ဦးကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDFက ဖမ်းမိထားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ဟာစစ်တပ်အာဏာ သိမ်းမှုကြောင့် စက္ကူစုတ်တခုအဖြစ်ရောက်ရှိသွားပြီဖြစ်တယ်လို့ ကရင်အမျိုးသားအစည်း အရုံး(KNU) ပါဝင်တဲ့ တိုင်းရင်းသား တော်လှန်ရေး ၆ဖွဲ့က ဒီကနေ့ ပူးတွဲ သဘောထား ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်​ကောင်စီရဲ့ တပ် ကြပ်ကြီး နဲ့ ဒုတပ်ကြပ်တွေကို​သေနတ် ၁ လက်၊ဗုံး ၁ လုံးနဲ့အတူ ​အောက်တိုဘာ ၁၁ ရက်နဲ့ ၁၂ ရက်​နေ့​တွေမှာ ဖမ်းမိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊အကြမ်းဖက်မှုတိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS) အပါတ်စဉ်(၃)သင်တန်းဆင်းပွဲအခမ်းအနားနဲ့ လက်နက်အပ်နှင်းခြင်းအခမ်းနားကို စစ်ကိုင်းတိုင်း NUG စိုးမိုးနယ်မြေတနေရာမှာစက်တင်ဘာ၂၆ ရက်က ကျင်းပခဲ့ကြောင်း ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Facebook