Connect with us

Hi, what are you looking for?

သတင်း

ဒီဇင်ဘာ ၁၀မှာ ပြုလုပ်မယ့် အသံတိတ်သပိတ်

လာမယ့် ဒီဇင်ဘာ ၁၀ ရက်မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ လူထုလှုပ်ရှားမှုအနေနဲ့ အသံတိတ်သပိတ် လုပ်ဆောင်မယ်လို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားပါတယ်။

ဒီဇင်ဘာ-၅၊၂၀၂၅။သတိုး/People’s Spring

လာမယ့် ဒီဇင်ဘာ ၁၀ ရက်မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ လူထုလှုပ်ရှားမှုအနေနဲ့ အသံတိတ်သပိတ် လုပ်ဆောင်မယ်လို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားပါတယ်။

““Our Voice, Our Fight, Our Rights” ဆိုတဲ့ ဒီတစ်ခါ အသံတိတ် သပိတ် ဆောင်ပုဒ်အတိုင်း ကျနော်တို့ အခွင့်အရေးတွေအတွက် ကျနော်တို့ အသံတွေကိုတိတ်ကာ ဟစ်ကြွေးလို့ တိုက်ပွဲဝင်ကြပါမယ်။” လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က နှိုးဆော်ထားပါတယ်။

အသံတိတ်သပိတ်မှာ ပြည်သူအားလုံး ပါဝင်နိုင်ဖို့အတွက် အချိန်ကို မနက် ၁၀ နာရီကနေ ညနေ ၃ နာရီ အထိ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“လူ့အခွင့်အရေးပျောက်ဆုံးနေတဲ့ နိုင်ငံတစ်နိုင်ငံက နိုင်ငံသားတွေရဲ့ တိတ်ဆိတ်ခြင်းနဲ့ ကြွေးကြော်သံကို ကမ္ဘာ တစ်ဝှမ်းက ကြားအောင်၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အထမြောက်သွားခဲ့သည် တိုင်အောင် ဓားထောက်ပြီး မင်းမြှောက်ခိုင်းခဲ့တာသာ ဖြစ်ကြောင်း သိရှိရလေအောင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်၁၀ နာရီ ကနေ ညနေ ၃ နာရီ ကြားအချိန်ကာလမှာ အုတ်တချပ် သဲတပွင့် အဖြစ် ပါဝင်ပေးကြဖို့ အကူအညီတောင်းပါရစေ။” လို့ GSCB ကတောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ရက်က မန္တလေးမြို့ ဈေးချိုမှာပြုလုပ်ခဲ့တဲ့ လူထုသပိတ်ခေါင်းဆောင်သုံးဦးရဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းနဲ့ ဒီဇင်ဘာ ၁၀ ရက်မှာ ပြုလုပ်မယ့် အသံတိတ်သပိတ်ကို ပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ