Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ်ဘေးက မော်တော်တွေကို စစ်တပ်လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၂ဦးထက်မနည်းသေဆုံးပြီး မော်တော်တွေ ပျက်စီး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းက မော်တော်ရေယာဉ်တွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၂ဦးထက်မနည်းသေဆုံးပြီး မော်တော်တွေ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ထိခိုက်ခဲ့သော မော်တော်တစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ - Screengrab

ဒီဇင်ဘာ-၅၊ ၂၀၂၅။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းက မော်တော်ရေယာဉ်တွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၂ဦးထက်မနည်းသေဆုံးပြီး မော်တော်တွေ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

မနေ့က ဒီဇင်ဘာ ၄ရက် နေ့လယ် ၂နာရီခန့်က ကနီမြို့နယ်၊ ထောက်ကြန့်ကုန်းကျေးရွာအနီး ချင်းတွင်းမြစ်ကမ်းဘေးကို တံတားဦးလေဆိပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၂စီးနဲ့ လေကြောင်းကနေ ၇ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် မော်တော်ရေယာဉ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး မော်တော်ပေါ်ပါ ပြည်သူ ၂ ဦးထက်မနည်းသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

“ထောက်ကြံ့ကုန်းရွာဘက်က အထက်ပိုင်းတက်တဲ့ ကုန်တွေတင်တဲ့ မော်တော်တွေကို ပစ်တာ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ကနီမြို့နယ်အရှေ့မြောက်ပိုင်းက စစ်ဘေးရှောင်ရာနေရာ တခုကိုဦးတည်ပြီး မုံရွာအနောက်မြောက်တိုင်း စစ်ဌာနကချုပ်ကတက်လာတဲ့ ဂျိုင်ရိုကော်ပတာနှစ်စီးနဲ့လည်း လေကြောင်းတိုက်ခိုက်သွားခဲ့ပြီး ထိခိုက်မှုများရှိကြောင်း ဒေသခံများက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နိုဝင်ဘာလအတွင်းကလည်း မင်းကင်းနယ် ချင်းတွင်းမြစ်ဘေးက ရွှေမျောတွေကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါသေးတယ်။

မနေ့က ဒီဇင်ဘာ ၄ ရက်တရက်တည်းမှာတင် စစ်ကိုင်းတိုင်းက ဘုတလင်၊ ခင်ဦး၊ ကန့်ဘလူ၊ ဝက်လက် စတဲ့ဒေသတွေမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ