Hi, what are you looking for?
ကုန်ကြမ်းသွင်းကုန်ပါမစ် ရရှိဖို့ ခက်ခဲတာနဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍကျဆင်းလာတာကြောင့် ထုပ်ပိုးမှုလုပ်ငန်းတွေ ပိတ်သိမ်းရတော့မယ့် အခြေအနေ ရင်ဆိုင်နေရပြီလို့ သက်ဆိုင်ရာ လုပ်ငန်းရှင်တချို့က ပြောပါတယ်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ညအချိန် ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၅ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှု ပြီးနောက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အဲဒီဒေသကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
ဇွန်-၂၊၂၀၂၅။People’s Spring မန္တလေးမြို့မှာယခင်က ဘဏ်အကောင့်ပိတ်ခံထားရတဲ့ သူတွေကိုစစ်ကောင်စီကပြန်လည်ဖမ်းဆီးနေပြီး မန္တလေးမှာကားအရောင်းအဝယ်ပြုလုပ်သူ အမျိုးသားနှစ်ဦးလည်း ဖမ်းဆီးခံထားရတယ်လို့ နီးစပ်သူ တွေဆီကသိရပါတယ်။ အာဏာသိမ်းပြီး နောက်ပိုင်းဘဏ်အကောင့်ပိတ်ခံထားရသူ တွေကို ပြီးခဲ့တဲ့ မေလ လောက်ကစပြီး အမှု အဟောင်းတွေနဲ့ လိုက်လံဖမ်းဆီး နေတာလို့ သိရပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အွန်လိုင်းငွေပေးချေမှု Pay...