Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ပြည်နယ်တွင်လည်း မိုးကောင်းပြီး​ရေစကြီး

မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်မှ မြို့နယ်အချို့၌ရေဘေးကြုံနေစဉ် ကန်ရိုးတန်းဒေသဖြစ်သည့် ရခိုင်ပြည်နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းပြီးကျောက်တော် နှင့်‌ တောင်ကုတ်မြို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေသည်။

ကျောက်တော်မြို့နယ်​ဒေသအချို့တွက်ရေကြီးနစ်မြုပ်နေစဉ်။ဓါတ်ပုံ-CJ

ဇွန်-၂၊၂၀၂၅။အိမ်သွင်/People’s Spring

မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်မှ မြို့နယ်အချို့၌ရေဘေးကြုံနေစဉ် ကန်ရိုးတန်းဒေသဖြစ်သည့် ရခိုင်ပြည်နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းပြီးကျောက်တော် နှင့်‌ တောင်ကုတ်မြို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေသည်။

ကျောက်တော်မြို့နယ်တွင်မေလ ၂၈ရက်မှစ၍ မိုးကောင်းခဲ့ပြီး ဇွန်လ၁ရက် ညမှစတင်ကာ မြေနိမ့်ပိုင်းဒေသများ ရေကြီးနေကာ ပင်လယ်ဒီရေလည်းတက်နေသည်ဟု သတင်းရရှိသည်။

“မိုးကလည်းကောင်း၊ဒီရေကလည်းတက်နေတော့ ရေမြုပ်နေတာမြန်တယ်။ကျောက်တော်-မြောက်ဦးလမ်းလည်းပိတ်သွားပြီ။ဖြတ်လို့မရတော့ဘူး”ဟု ရခိုင်ဒေသခံသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

ကျောက်တော်မြို့နယ်မှစပါးဆိပ်၊ ရွာမပြင်ရွာအပါပဝင် ကျေးရွာ၆ရွာထက်မနည်း ရေဘေးရင်ဆိုင်နေရသည်ဟု သတင်းရရှိသည်။ ထို့အပြင် တောင်ကုတ်မြို့တွင်လည်းမြေနိမ့်ပိုင်းကျေးရွာများနစ်မြုပ်နေပြီးဒေသခံများသည်ကုန်မြင့်နေရာများ၌သွားရောက်တိမ်းရှောင်နေကြရသည်ဟု သတင်းရရှိသည်။

မေလ ၂၉ရက်က ဘင်္ဂလားဒေ့ရှ်ကို ဝင်သွားသော မုန်တိုင်းသည် ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် မြန်မာ-အိန္ဒိယနယ်စပ်အနီးအထိ ဖြတ်နေပြီး ချင်းပြည်နယ်၊ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့တွင် မိုးဆက်ရွာနိုင်ပြီး လျှပ်တပြက်ရေကြီးခြင်းနှင့်မြေပြိုခြင်းများကိုအထူးသတိပြုသင့်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)ကသတ်ိပေးထားသည်။

လက်ရှိတွင် ကချင်ပြည်နယ်၊မြစ်ကြီးနားနားမြို့၊ ဝိုင်းမော်မြို့၊ ဆွမ်ပရာဘွမ်မြို့၊ချီဖွေမြို့၊ပူတာအိုမြို့၊ စစ်ကိုင်းတိုင်းမှ နာဂဒေသတို့တွင်လည်း ရေဘေးနှင့် မြေပြိုမှု ဘေးကြုံ​တွေ့နေသည်။

ဧရာဝတီမြစ်ရေသည်မြစ်ကြီးနားမြို့၏စိုးရိမ်ရေမှတ်အထက်၌ ၂ လက်မခန့်မြင့်တက်နေသည်။ ဧရာဝတီမြစ်အောက်ပိုင်းဒေသများရေဘေးသတိပြုကြရန် လူမှုကူညီအဖွဲ့များက သတိပေးနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။

သတင်း

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။

အတွေးအမြင်

ဇာတ်လမ်းရဲ့ အစမှာ ကိန်းဂဏန်းတွေ မြင်နေရပါတယ်။စစ်အုပ်စုကအခြေခံလူတန်းစားကို ဆင်းရဲတွင်းထဲ တွန်းပို့ထားတဲ့ နှစ်လုံးထီလောင်းကစားအတွက် ဒီဂဏန်းတွေကို အသုံးမချဖို့မေတ္တာရပ်ခံပါတယ်။ ခေတ်သစ်ကမ္ဘာမှာ သူရဲဘောအကြောင်ဆုံး စစ်ဆင်ရေးတစ်ခု မြန်မာနိုင်ငံမှာ ရှိနေတဲ့အကြောင်း သိစေလိုခြင်းဖြစ်ပါတယ်။

ရသစာတမ်းငယ်

ဂျိတ္တောဆိုတာ သံတွဲလေဆိပ်ကနေ ငပလီကမ်းခြေတလျှောက် လာလိုက်ရင် ငပလီကမ်းခြေရဲ့ အစွန်ဆုံး။ ဟိုးတုန်းကတော့ ဂျိတ္တောတံငါရွာလေးပေါ့။ နောက်ကျတော့ငပလီကိုမြို့သတ်မှတ်တဲ့အခါ ဂျိတ္တောရပ်ကွက်ဆိုပြီး ဖြစ်လာတယ်။တချို့က ရပ်ကွက်ဆိုတာကို သဘောကျကြတယ်။ တချို့က ရွာလို့ပဲ ဆက်ပြီး ခေါ်ချင်ကြတယ်။ "ဂျိတ္တောတံငါရွာလေး" လို့ ဆိုလိုက်ရင် နှလုံးသားကို ပိုပြီး နွေးထွေးစေတယ်လေ။